Posts
ဘဝ၏ သဘာဝ
ဘဝမှာ အမြဲတမ်းမပျော်ရွှင်နိုင်သလို ထာဝရဝမ်းနည်းရမည့် အရာလည်း မဟုတ်ပါဘူး။ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းဆိုတာ ဘဝမှာ အမြဲဒွန်တွဲလျက် ရှိနေကြပါတယ်။ လောကနိယာမအရ လူ တွေကသာ အမြဲစိတ်ချမ်းသာမှူကို လိုချင်နေကြတယ်ဆိုတော့ ဝမ်းနည်းမှု စိတ်သောကဝေဒနာတွေကို ဘေးပယ်ထားပြီး ပျော်ရွှင်ခြင်းကိုသာလျှင် ဖန်တီးရယူရခြင်းပါပဲ။ --- Secret Crush @Mohammad Ismile(OLP) ( ရိုလူငယ် )
သင်းကွဲအပြုံး
Image
ဝံပုလွေဆိုတာ ဦးနှောက်ထဲ ရမ္မက်အပြည့်နဲ့ စဉ်းလဲတတ်တဲ့ သတ္တဝါ တစ်မျိုးပ။ မွေးကတည်းက အတ္တတွေ ဝါးမျိုကြီးပြင်း ဝိညာဉ်တွေ စားသောက်ရင်း ပန်းပွင့်တွေ စားသောက်ရင်း သက်ပြင်းချသံသဲ့သဲ့မှာ သွေးညှီနံ ပါမြဲ။ ရင်းမြစ်ဗီဇဟာ သွေးသားဆဲလ်ထဲမှာကိုက အတ္တအဘိဓမ္မာအဆိပ်များ သော့ပိတ်ထားပြီးပေါ့။ အုပ်စုကွဲ တစ်ကောင်တည်း ပဲ့ထွက်လာတဲ့အခါ မာယာမျက်နှာဖုံးတပ် အကွက်ချလှည့်ဖျားဆိုးညစ်တတ် အစွှယ်ဝှက်ပြီး ပြုံးနေတတ်တယ်။ ဒါပေမယ့် အပြုံးထဲမှာ သွေးညှီနံဟာ Add caption ပါမြဲ။
အိမ်လွမ်းစိတ်
Image
အိမ်လွမ်းစိတ် •••••••••••• အိမ်လွမ်းစိတ်နဲ့၊ တိုက်စားခဲ့တဲ့ အချိန်တွေလည်း၊ ချိုးသွားခဲ့တာ ရက်မှလသို့၊ လမှနှစ်​သို့။ ပျော်ရွှင်မှုတွေ ပျောက်ရှနေတဲ့ တိုင်းတစ်ပါး​​မှာ ကျက်​စား​နေသူ ချက်​​ကြွေ​မြေ​ပေါ် ဖြစ်​သည့်​အလွမ်း ချနင်းလာရတာ ရက်စွဲများစွာလည်း ပြိုဖန်များခဲ့။ အလို ...! ဇာတိနှင့်​​ဝေး အိမ်နှင့်​​ဝေးသူ ထိုလိုလူရဲ့ ပြင်းပြလွမ်းစိတ်​​ ဘယ်သူကလာ ဖြေသိမ့်​ပေးနိုင်ပါ့မလဲ။ ပြက္ခဒိန်တွေနဲ့ ရန်ဖြစ်ခဲ့တဲ့နေ့ရက်တွေ လမ်းပျောက်နေတဲ့ မှောင်မည်းမည်းညတွေ အတိုင်းအဆ မသိရှည်နေခြင်းများ ဘယ်သူက တိတိပပသိနိုင်ပါ့မလဲ။ ရွှေ​မြေအာရ်​ကာန်​၊ ချစ်​တဲ့​မွေး​မြေကို အရောက်လှမ်း၍ ခြေချနိုင်ဖို့ တစ်နေ့နေ့ဆိုတဲ့ စကားလုံးကို ဖြေသိမ့်စရာဖြစ်​ မွေးမြူ​နေရ။ အိမ်ပြန်ချင်သူ လူငယ်​တစ်ယောက် မျှော်လင့်ချက်နှင့်​ အားအင်ရှိသမျှ ပြေး၍ချီတက်​ သွား​နေခဲ့လည်း ချစ်​ရာ​မွေး​မြေ ဝေးနေဆဲတဲ့လား။ #အာရ်ကာန်မြေဖွားလူငယ်တစ်ဦး (၅-၁၁-၂၀၁၈)
ရင်တွင်းစကား
Image
❝ ရင်တွင်းစကား ❞ ┅═❁❁═┅ တစ်ခါတလေ အကဲခတ်မှားတာ ကန်းလို့မဟုတ်ဘူး ရိုးသားလွန်းလို့ပါ ... တစ်ခါတလေ တုံးအကြီးလို့ လူချစ်မှားတာမဟုတ်ဘူး သံယောဇဉ်ကို အလေးအနက်ထားသူမို့လို့ပါ .. တစ်ခါတစ်လေ ငိုကြွေးဖူးတာ ဝမ်းနည်းလို့မဟုတ်ဘူး မတရားမှုဒဏ် ပြင်းထန်လွန်းလို့ပါ ... တစ်ခါတစ်လေ သည်းခံလွန်းတာ အကြောင်းမဲ့မဟုတ်ဘူး လုယက်ငြင်းခုံမနေချင်လို့ပါ ... တစ်ခါတစ်လေ လူဆိုးလို့အမည်တပ်ခံရတာ အမှားလုပ်လို့မဟုတ်ဘူး အမှန်တရားဆိုတာ အများအတွက်ခါးသီးလို့ပါ ... (၂၄ - ၈ - ၂၀၁၈) အာရ်ကာန်မြေဖွားလူငယ်တစ်ဦး
'' မ '' မျက်​နှာ
Image
ရင်​ထဲမှာ '' ​နွေ '' မျက်​ဝန်းမှာ '' မိုး '' နှလုံးသားမှာ ''​ ​ဆောင်း '' ရာသီ​ပြောင်း ​နေ့​ရောညကုန်​ ​မေ့လို့မရတာ '' မ '' မျက်​နှာ ။ Secret Crush@Mohammad Ismile(OLP) ( ရိုလူငယ်​ )
ပန်းကလေး
Image
ပန်းကလေး လှမ်းမယ်လို့  မရည်ရွယ်ပါဘူး ပန်းကလေးရယ်... ဒါပေမယ့် မချစ်ဖူးသေးတဲ့  အချစ်တွေနဲ့  ရူးလောက်အောင်ချစ်ခဲ့တာမို့  အချစ်ဦးလို့တော့အမည်တပ်ပါရစေ ။ ခူးမယ်လို့  မရည်စူးပါဘူး ပန်းကလေးရယ်.... ဆူးရံတဲ့နှင်းဆီပန်းလေးလို မခမ်းနားပေမယ့် ဖြူစင်တဲ့စံပယ်ပွင့်လေးအဖြစ် မြတ်နိုးခွင့်လေးတော့ပေးပါ ။ နမ်းမယ်လို့  မမှန်းရွယ်ပါဘူး ပန်းကလေးရယ်.... သဏ္ဌာန်ခြားလွန်းတဲ့ဘဝနှစ်ခု ထပ်တူပြုဖို့ဆိုတာ မဖြစ်နိုင်တာကိုမျှော်လင့်မိတဲ့ ရူးသွပ်မှုတစ်ခုမို့ အဝေးကငေးနေရရုံပါ ပန်းကလေးရယ် ...... ဆွေးသမျှတွေကို ပန်းကလေး မသိရင်လည်းနေပါစေတော့ ....။        ။ (၇ - ၈ - ၂၀၁၈)  အာရ်ကာန်မြေဖွားလူငယ်တစ်ဦး
စွဲချက်
Image
❝   စွဲချက်   ❞ ┅❁•❁┅ ဘာကြောင့်​ရယ်မသိ စိတ်​တံခါး​တွေပိတ်​ထားလည်း မြင်​​နေရတယ်​ ... စိတ်​ရဲ့သံယံဇာတတစ်​ခု အ​ရောင်​အနံ့မရှိ အလွမ်းအရသာ​တွေက ဦးဏှောက်ရဲ့ တွင်းထွက်​ပစ္စည်းလား ... ဘာကြောင့်ရယ်မသိ နှလုံးသားတံခါးတွေပိတ်ထားလည်း သတိရနေတယ် ... နှလုံးသား​လောကတစ်​ခွင် အဓိပ္ပါယ်​မရှိတရှိချိတ်​ဆွဲ ဒီဝေဒနာတွေဟာ နှလုံးသားရဲ့ ပွတ်ဆူသံတွေလား ... ကွေ့​ကောက်​စွာစီးဆင်း မာယာမြစ်​ထဲ ပိုက်​ကွန်​မိတဲ့ငါး နားလည်​မှုမျက်​ရည်​မြစ်​ထဲမှာ တသွင်​သွင်​စီးဆင်း အသိဥာဏ်​မိုက်​လုံးကြီးဟာ သူသာအသိဆုံး ... ရေပွတ်​ပမာလူ့​လောကထဲ နှလုံးသားထထပွတ်​ကာ မကြာခဏ ခွေရိုင်​လဲကျ အစွဲအလမ်းမှာ မနွှဲစတမ်းခပ်​ကြမ်းကြမ်း ပြစ်​ချ ပုတ်​ချ ဒီ​ကောင်​ လူညံ့ ပြုတ်​ပြုတ်​ကျတာ လောကကြီးကအားနာ​နေမလား ... (၂၀ - ၈ - ၂၀၁၈)  အာရ်ကာန်မြေဖွားလူငယ်တစ်ဦး
ထိုပန်းတိုင်သို့
Image
ညတွေက တိတ်ဆိတ်တယ် ကြယ်တွေတောင် ခပ်တိုးတိုးပဲနေကြတယ် လမ်းပျောက်နေသူငါ အိမ်မက်တွေရှာမတွေ့လို့ တစ်ကိုယ်တော် အထီးကျန်လို့.... ဝိုးတဝါးနဲ့ အလင်းတစ်ခုကို ငါတွေ့တယ် လိုက်ကြည့်မိတော့ အမှောင်ထဲကို ဝင်ပြေးသွားတယ် ဘယ်မှာလဲ ထိုပုံပြင် ငါ့ကိုနှစ်သိမ့်ခဲ့တဲ့ ပန်းတိုင်ဥယျာဉ်ဆိုတာ.... ခပ်လဲ့လဲ့ အလင်းယိုင်တွေကိုတော့တွေ့တယ် မိုးကြိုးပစ်မယ်လို့တော့မခြောက်ပါနဲ့ ငါကို တစ်ခေါက်လောက်တော့ သွားကြည့်ခွင့်ပေးပါ..... အရာရာတိုင်းမှာ တန်ပြန်စွမ်းအားရှိတယ်ဆို နေထိုးတဲ့နံရံဟာ ဘာလို့အလင်းမပြန်ရတာလဲ မီးရှို့တဲ့ကျောက်ဆောင်ဟာ ဘာလို့ပြာဖြစ်မသွားတာလဲ.... ထားပါလေ ... အိမ်မပြန်တတ်တဲ့ ငှက်လိုတော့ အိပ်တန်းမတက်ချင်ဘူး အသိစိတ်တွေ မခမ်းခြောက်ခင် အလင်းပေါ်တဲ့ အထိတော့ စောင့်ခွင့်ရချင်ပါရဲ့.... သို့သော် ... ဇွဲမလျှော့တတ်တဲ့အနွယ်ဝင်မို့ နေ့စဉ်ဖောက်သည်အလား ခြောက်လှန့်မှုကြောင့် စိတ်ဒွိဟမဖြစ်စေရဘူး ... အာရ်ကာန်မြေဖွားလူငယ်တစ်ဦး (၂၅ - ၇ - ၂၀၁၈)
For You
Image
I have done a lot of things I have prepared a lot of things For You. But,You are becomming thinner day by day For Another one. Maung Maung Myint #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
♥ပန်းဆွတ်လိုစိတ်♥
Image
အဖိနှိပ်ခံ ဒို့လူငယ် အိမ်မဲ့ယာမဲ့ သည်ဘဝ၌ ပန်းဆွတ်လိုစိတ် ရှိပါသည်ကား ချီးကျူးဖို့်ကောင်းပါသည်တကား။ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
The Ocean & the Sky ...
Image
Yes, they are serving the meaning of BROAD. And also, A Rohingya youth, My all support goes to him While he is moving forward to the better meaning of the BROAD Then the so called ocean & the sky. Also ...  I support all of Rohingya-youths. Just because our entire future depend on them. A firm belief of me is_ "The broader their knowledge,  the narrower our oppressed cycle." YarTin (Rohinnthar)  Photo : Zaki Ovais Facebook
မက်​ဖန်​များ​သော အိပ်​မက်​များ
Image
လောင်ကျွမ်းနေသည့် အိမ်​ထဲပိတ်​မိ မသန်​မစွမ်း အ​မေအိုကို လိုက်​၍ကယ်​​သော သားသူရဲ​ကောင်း "ဒိုင်းခနဲသံ" တစ်​ချက်​​အောက်​မှာ အ​မေအိုလည်းဆုံး သားလည်းဆုံး၏။ ယခုအခါ ... အတိတ်​​နေ့ရက်​က သေနတ်ပစ်ချက် အိပ်​​ပျော်​ရာမှ လန့်​နိုး​စေရာ ... သည်​လိုအိပ်​မက်​ မက်​ဖန်​များ၏။ #ယျာတင်​ (ရိုဟင်းသား) Photo : Gettyimages
✿ အိုး ... မတရားသူ ✿
Image
♡ ရင်​မှာအမြဲ ♡
Image
Feel Me Anyway
Image
Love me or hate me. But, In your feelings, Keep me alive anyway. ချစ်​ခြင်းနဲ့ဖြစ်စေ မုန်းခြင်းနဲ့ဖြစ်စေ မင်းရဲ့အ​တွေးထဲ ငါ့ကို ရှင်သန်​ခွင့်​တော့​ပေးပါ ။ (၄-၇-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး
Image
Thunder sounds are  like a beating heart.  I hear your breaths in the air.  As the rain falls  like never ending tears.  -Ro Jabat Khan
သစ္စာတရား ဝေဒနာ
Image
တာဝရ သစ္စာ ကောင်မလေးအတွက် တစ်သက်တာ ငယ်​ချစ်​​ကောင်း အလင်း​ရောင်​ လရာသီ ချစ်​​လေးဆီ ဖြုန်းတီးပစ်​ အချည်းနှီး ။ ကျောင်းသူလေး အပြုံး​လေး ငယ်​ချစ်​ဦး အခါမလပ်​ဘူး အားရက်​ဆို လိုက်​လံကြို မျက်​ကွယ်​ ဘယ်​ပြုဖွယ်​ ချစ်​သူ​လေးဆီ အခါခါ​ရောက်​​တွေ့ခဲ့ပြီ ။ နှစ်​​ဆယ်​စု​ကျော်​​ ချစ်​သစ္စာ​​မျှော်​ လွမ်းဆွတ်ဖွယ်​ သမုဒ္ဒရာဝယ်​ ဤလူပဲ အိပ်​မက်​မက်​​နေဆဲ။ ​ချစ်​သူမဦး လမ်းသွယ်​သူ ငါ့အနာကို အ​ရေးမစိုက်​ဘူး ငိုသံမပြု ကျိန်​စာခို၊ ဤလူ့သစ္စာကို အရှင်​မြတ်​အစား​ပေးဖို့ ဝိုင်းကူ ကျိန်​စာဆို သိသလို မေတ္တာဆိုးပို့ကြစို့ ။ ဖုန်း​ခေါ်ကား ဘ​လော့ဂ်​ထည့်​ထား အဲ(စ်​)အမ်​အဲ(စ်​)ကား ထောင်သောင်းမက ခုကျခါ ပြန်​စာမပါ၊ လျစ်လျူရှု ဟားဟားရယ်​ဖို့ သူစိမ်းများနှင့်​ ပေါင်းဖော်၍ ဤလူကို​လေ ရက်​စက်​ချင်​သူကွယ်​။ အတိတ်​ကိုမ​တွေး လူစိမ်းကို​ဖွေး သူ့ပါးအနမ်း​ဝယ်​ အသည်းကွဲတယ်​။ သူမ​လေးမိဘ ဆွေမျိုးတော်စပ်များကား မသိလို့များ အ​ရေးမမူ သူစိမ်းရ​စေလို လူသားမကျင့်​သူ ထိုထို ဟိုဟို ဤလူသစ္စာကို ဝေဒနာ ဘဝနာ အထိနာ​စေတာ တစ်​သက်​တာ ရာသက်​ပန်​ကြာ မ​မေ့ဖွယ်​ရာ။ အချစ်​တရား စော်ကားခံရကား သစ္စာတရား အရာမဝင
ဒဏ်ရာဟောင်း
Image
မဆုံးသေး သံယောဇဉ် ရှင်သန်မည် ထာဝရ ။ ဒဏ်ရာဟောင်း အမှတ်တရများ ရင်ဝယ်ပိုက်ထား ။ (၃၀ - ၆ - ၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး
❀ အချစ်​ဦး ❀
Image
မချစ်​ဖူးလို့ အချစ်​ရူး နင်​ဟာ အချစ်​ဦး မ​မေ့နိုင်​ပါ.....။ Secret Crush ( ရိုလူငယ် )  @ Mohammad Ismile(OLP)
တိတ်​တဆိတ်
Image
ကြယ်​များစွာဝန်းရံ ကောင်းကင်ယံကလမင်း ကြယ်​တစ်​စင်းအသက်​မဲ့ ကြွေလွင့်သွားတဲ့အခါ သိနိုင်မှာမဟုတ်​ဘူး​လေ....။ ။     Secret Crush (ရိုလူငယ်) @ Mohammad Ismile(OLP)
ချစ်လေး
Image
ချစ်လေး ချစ်လေးရယ်- "နင်"နဲ့ "ငါ"ကြား အဆက်အသွယ်ရှိနေတာ သူတစ်ပါးမသိပါစေနဲ့နော်- #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
အိုင်စီစီရယ်
Image
ICC ရယ်- နင်ရဲ့ဆင့်ခေါ်ချက်ကြောင့် ဒို့အစိုးရ တုန်လှုပ်နေပါပြီ ICC ရယ် နင်ရဲ့လုပ်ရပ်ဟာ ဒို့ပြည်ကစစ်အာဏာရှင်တွေ ကျဆုံသွားဖို့လမ်းစပါဘဲ ICC ရယ်- ကမ္ဘာပေါ်၌ ဖိနှိပ်မှုတွေမရှိနိုင်အောင် ဘက်မလိုက်ဘဲ အမှန်တရားဘက်မှ မှန်မှန်ကန်ကန်ရပ်တည်ပေးကြပါနော်-- #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
Youth
Image
အို လူငယ်တွေ ပန်းတိုင်ရောက်ဖို့ အခက်အခဲတွေကို တစ်ညီလက်ညီနဲ့ ကျော်လွှားနိုင်အောင် ကြိုးစားကြပါ။ အို လူငယ်တွေ စိန်ခေါ်မှုတွေ ရင်ဆိုင်မှုတွေကို ကျော်လွှားရဲတဲ့ သတ္တိမွေးကြပါ။ အို လူငယ်တွေ လူ့ဘဝ၌ အတက်အကျဆိုတာ ရှိပါတယ်။ အောင်မြင်မှုရရှိရေးကိုသာ ဦးတည်၍ လုပ်ဆောင်ကြပါ။ အို လူငယ်တွေ အချင်းချင်း မကျေနပ်မှုတွေ သဘောထားကွဲလွဲမှုတွေ ရှိသော်လည်း နုတ်ထွက်ရေး ခွဲထွက်ရေးကို ဘယ်တော့မှမစဉ်းစားပါနဲ့။ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
ရှားပါးသည့် အောင်မြင်မှု
Image
၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ၅-ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော ချစ်တူမလေး မရူချီမြင့်နှင့် အမှောင်ကမ္ဘာထဲကသူရဲကောင်းများဖြစ်သော အခြားရိုဟင်ဂျာကျောင်းသားကျောင်းသူတို့အား ဤကဗျာဖြင့် ဂုဏ်ပြုလိုက်၏။ ရှားပါးသည့် အောင်မြင်မှု ------------------------ ပတ်ဝန်းကျင်တစ်ခုလုံးမိုးမစဲတမ်း ကမ်းမမြင်လောက်အောင် ဖြစ်နေပေမယ့်လည်း ရေပြင်ကြီးကိုကျော်ဖြတ်နိုင်ခဲ့ပြီ၊၊ အာကာပြင်ကတိမ်ဖုံးလမင်းလို လမ်းမမြင်လောက်အောင် မှောင်နေပေမယ့်လည်း အမှောင်ထုမှ ဖောက်ထွင်းနိုင်ခဲ့ပြီ။ ခရီးလမ်းတစ်လျှောက်လုံး ဆူးခလုတ်တွေ ခင်းကျင်းထားပေမယ့်လည်း ဆူးနင်းရင်း ပန်းကိုဆွတ်ခူးနိုင်ခဲ့ပြီ။ လွတ်လပ်တဲ့ပြိုင်ပွဲဝင်တွေကြား လက်ထိတ်တွေ ခတ်ထားပေမယ့်လည်း ရှားပါးသည့် အောင်မြင်မှုကိုဆွတ်ခူးနိုင်ခဲ့ပြီ။ ရှုပ်ထွေးတဲ့ဇာတ်လမ်းတစ်ခုကို မင်ကုန်ဆဲဆဲကလောင်လေးနဲ့ အပြီးတိုင် အခမ်းနားဆုံးချေမှုန်းနိုင်ခဲ့ပြီ။ (၂ - ၆ - ၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး 
သန္နိဋ္ဌာန်
Image
ပန်းတိုင်အရောက် လျှောက်လှမ်းသောခါ တစ်ခါတလေ အခန့်မသင့် ဆူးငြောင့်ခလုတ် စူးနစ်သွားလည်း ခရီးရှေ့ဆက် ချီတက်မည်သာ။ ငါလျှောက်သောလမ်း ခရီးကြမ်း၍ တစ်ခါတလေ ကံမဆိုက်လို့ ငုတ်ခလုတ်ထိ ချောက်ထဲကျလည်း ကုန်းပေါ်သို့ပြန် ရုန်းထမည်သာ။ ငါပြေးသောလမ်း မချော့မွေ့၍ တစ်ခါတလေ အခွင့်မထူး ချိုင့်ဝှမ်းများတွေ့ လဲကျသွားလည်း ကျော်ကာတက်လျက် ပြေးလှမ်းမည်သာ။ (၂၇-၅-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး
လူသားပိုက်ကောင်
Image
ကြိုးစားပမ်းစားကာ ပြန်ခေါ်ဖို့မဲဆွယ်နေတာ မဟုတ်တာတွေ မဆိုင်တာတွေနဲ့-- အကွက်ကျကြံစည် အကျဉ်းစခန်းမှာထားချင်တဲ့ လူသားပိုက်ကောင်အစိုးရ ကျဆုံးပါစေ..... #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
သို့
အိပ်မက် အိပ်တဲ့အခါအိပ်မက်ထဲမှာမြင်မက်တဲ့အတိုင်းလက်တွေ့ဘဝ၌ လည်းတကယ်ဖြစ်လာအောင်ကြိုးစားဆောင်ရွက်ပေးပါနော်.. အိပ်မက်ရယ်...။ အိပ်မက်လှလှမက်ပါရစေ-- အိပ်မက်ဆိုးနဲ့တော့ဝေးပါစေ-- #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး 
သတိ
(1)စစ်ပွဲတွေရပ်ပေးဖို့မတောင်းဆိုရ။ (2)သိမ်းဆည်းခံလယ်မြေတွေပြန်ရရေး မတောင်းဆိုရ။ (3)မီဒီယာများလွတ်လပ်စွာသတင်းယူနိုင်ရေးမတောင်းဆိုရ။ မှတ်ချက်။  ။မလိုက်နာဘဲဆန္ဒပြတောင်းဆိုလျှင်တော့ ဖြို ခွင်းဖမ်းဆီးခံရမယ်၊အရေးယူခံရမယ်။                                                     ပုံ                                     2018 Democracy                     #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး                                     
ပထမဆုံးပေးစာ
Image
သို့- ကျနော်မပါဘဲ နင့်ရဲ့အိပ်မက်ထဲမှာခံစားရသောပျော်ရွှင်မှုတွေကို ကျနော့်အားပြန်ပေးဆပ်တော့ပါ။ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
ကလောင်လက်နက်
Image
ကလောင်လက်နက်ဟာ အကောင်းဆုံးပါ၊ မလိမ်နိုင်အောင်၊လူလိမ်တွေ ရေးကြပါ၊ရို-သမိုင်း ကလောင်လက်နက်နဲ့၊ အာဏာပြလာမပြောရ ပြိုင်ရဲရင်သမိုင်းနဲ့ လူလိမ်တွေထွက်လာစမ်းပါ။ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
သနားဖို့ကောင်းတယ်
သူ မပျော် ဒါပေမဲ့ကိုယ်ပျော် အိပ်မက်ထဲမှာ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
အမေ
Image
အစစအရာရာကောင်းမွန်အောင်လုပ်ပေးတဲ့သူ အမှားအမှန်ခွဲခြားနိုင်အောင်သင်ပေးတဲ့သူ စည်းစည်းလုံးလုံးနေနိုင်အောင် အမြဲတမ်းလမ်းညွှန်ပေးနေသူ မဟုတ်မတရားတွေကိုလက်မခံရန် အမြဲပြောနေသူ မှန်ကန်တဲ့လမ်းကြောင်းရွေးချယ်နိုင်အောင် အမြဲညွှန်ကြားပေးနေသူ အကျင့်စာရိတ္တကောင်းမွန်အောင် အမြဲဆုံးမနေသူ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး #Mom #I am proud of u
မိတ်ဆွေ
Image
အလိုအပ်ဆုံးဟာ မိတ်ဆွေစစ်ပါ ရှိရမယ် ညီညွတ်မှု မိတ်ဆွေတွေကြားမှာပါ အခက်အခဲတွေ ကျော်အောင်နိုင်ဖို့ မိတ်ဆွေဖွဲ့ကြပါစို့ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
မတားဆီးနိုင်
Image
ကြက်တူရွေးသူခိုးတွေ ရိုဟင်ဂျာတွေကို ဘယ်လောက်ပင်ညှဉ်းပန်းနှိပ်စက်ပါစေ မည်မျှပင်ခွဲခြားဆက်ဆံပြီးအုပ်ချုပ်ပါစေ ခိုးဝင်ဘင်္ဂါလီဟုစွပ်စွဲပါစေ လိုရာပန်းတိုင်ကိုရောက်နိုင်မည့်ကျနော်တို့ရိုလူငယ်ကြယ်ပွင့်တွေ လမ်းသစ်ဖောက်လုပ်မှုကိုတော့ ဘယ်တော့မှမတားဆီးနိုင်ပါ။ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
တို့ပြည်
Image
ငါတို့ပြည် မြန်မာပြည် လွမ်းနေတဲ့ပြည် မြန်မာပြည် ပြန်ချင်နေတဲ့ပြည် မြန်မာပြည်။ မပြန်နိုင်တာ မြန်မာပြည်သို့ သားတို့ရဲ့အခွင့်အရေး ကြက်တူရွေးသူခိုးတွေ မပေးလို့ပါကွယ်
Image
© စိတ်ဓါတ်ကျတိုင်း ဖတ်ပါ ©  ===================== * ဖိနပ်မရှိတိုင်း………ငိုနေမိရင် * ခြေထောက်မရှိသူ………သတိရပါ။ * အလုပ်အဆင်မပြေတိုင်း ……စိတ်ညစ်နေရင် * ထမင်းငတ်နေသူတွေကို ……သတိရပါ။ * မိမိချစ်ခင်မိသူတွေအကြား စကားများရန်ဖြစ်မိရင် * အထီးကျန်နေသူတွေကို …ပြေးမြင်လိုက်ပါ။ * လောကမှာ ငါပဲ ကံဆိုးနေတာလားလို့ တွေးမိရင် * ကမ္ဘာပေါ်မှာ ဒုက္ခပေါင်းစုံရောက်နေသူတွေကို ပြေးမြင်လိုက်ပါ။ * ချစ်သူက စွန့်ပစ်သွားလို့ ……အသည်းကွဲမိရင် * စွန့်ပစ်ခံ မိဘမဲ့ကလေးငယ်များရဲ့ ဝေဒနာကို ဝင်ခံစားကြည့်ပါ။ * အလုပ်ပြုတ်သွားလို့ ……စိတ်ညစ်နေမိရင် * အလုပ်လက်မဲ့ ဖြစ်နေသူတွေကို သတိရလိုက်ပါ။ * စက်ဘီးစီးရတဲ့ ဘဝကို စိတ်ဓါတ်ကျမိရင်တော့ * လမ်းလျှောက်နေရသူတွေကိုသာ သတိထားကြည့်လိုက်ပါတော့ဗျာ။ #Aung_Zaw_Lwin_Moe( JPT )
❝စာမဖွဲ့ဘူး❞
Image
အလွမ်းကို  ရင်ဝယ်ပိုက်ကာ မျက်လုံးစိုနဲ့ ငါကပြုံး သူ့ဖို့ကိုယ်ရှုံး  ။ ကြေမွသည့် သစ္စာတုံး စွဲချက်သုံး စာမဖွဲ့ ။ အချစ်ရေ အပြစ်တွေ  မတင်တတ်သူမို့ အေးဆေးနေခဲ့  ။ (၂၆ - ၄ - ၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး 
He (9)
“I still love you.” Deleted. Retyped. Deleted. “Take care.” Deleted. Retyped. Deleted. Finally,He yelled “I really miss you.” And sent via breezes. A YOUTH BORN ON THE LAND OF ARAKAN 
❝လှည့်စားတတ်သူ❞
Image
အသည်းထက်  ကဗျည်းတင် မနီးချင်တဲ့  သူကမုန်း ။ သြော်... ချစ်သူ   စကားတစ်ခွန်းတော့ ယွန်းလို့ဖြေဦး ။ သူတိတ်လို့  ကိုယ်နာကျင် ကိုယ်လိုချင်တဲ့  အချစ်ပျောက်။ ဪ... ကိုယ့်လူ  လှည့်စားတတ်သူမို့ ထီးကျန်လမ်းဖျောက် ။ (၁၀-၄-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး
ကောင်မလေး (၇)
Image
နှလုံးသားကိုနှစ်သိမ့်ဖို့ အိပ်မက်တွေကိုအလှဆင်နိုင်ဖို့ ဆန္ဒတွေကိုပြည့်ဝစေဖို့ ဝေးကွာခြင်းတွေကိုကျော်ဖြတ်ဖို့ ကံကြမ္မာကို အကူညီတောင်းပေးပါလား ကောင်မလေးရယ်... (၇-၄-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး
April
Dear April,     "You're my biggest shock, regret and reminder.      You'd brought flowers me and left thorn finally.      You  gave  false  hopes  like  wandering birds      in the freedom of endless skies. But no destination.            I beg pardon you ...      Instead them,      please rub out yourself from my heart." A YOUTH BORN ON THE LAND OF ARAKAN  
HE (8)
Once, "Don't you love me?"  He blurted out unthinkingly.  And he hushed his ears up  as tight as he could.  Whatever her answer was,  He presumed "Yes". A Youth Born On The Land Of Arakan
HE (7)
HE (7) Once he dreamed... “Are you happy?” She asked. “Yes” He pretended. “Do you miss me?”  He wanted to asked. “I miss you so bad it hurts.”  He wanted to add.  But couldn't.  Because he knew her answer. A Youth Born On The Land of Arakan 
HE (6)
She was in his heart. And he, on her mind. He tattooed her name In the heart, forever Whilst her mind cleansed. A YOUTH BORN ON THE LAND OF ARAKAN 
HE (5)
Once, he was asked. "Did you love someone?" "Yes" he answered. "Did someone love you back?" "Sometime" he replied. A YOUTH BORN ON THE LAND OF ARAKAN 
HE (4)
She was his neighbor. He acquainted her. She became his friend. He closed to her. They became close ones. One day, 3 words from him Made her stranger. A YOUTH BORN ON THE LAND OF ARAKAN
HE (3)
She loved him. He loved her. She ignored him. He loved her. She ditched him. He acquitted her. She left him. He let her go. Today, She's lonely. He still fretting about her. A YOUTH BORN ON THE LAND OF ARAKAN
HE (2)
He apologized. Not because he was wrong, But because he knew that She was hurt deep inside. A Youth Born On The Lan Of Arakan
HE (1)
Who is he? Worrier of her. Overlooker of her. Delighter of her. Immolater of her. A Youth Born On The Land Of Arakan
တို့ကျောင်း
Image
"တို့ကျောင်း" သုသာန်အလား ဖြစ်တော့သည် သက်ရှိ ကင်းလောက်ပြီ ရိုမြေမှာ သွေးရည် လောင်း ငါတို့ စာသင်ကျောင်း။ အာရကန်မြေဖွားလူငယ်တစ်ဦး
သူပျော်ပါစေ
Image
သံယောဇဉ် နွယ်တစ်ခက် ပယ်ဖျက်တဲ့ ငါ့ချစ်သူ ။ တူနှစ်ကိုယ်  အချစ်လမ်းက ကြမ်းတမ်းရိပ်မူ ။ လှည့်စားလို့  သူဟန်ဆောင် ငါ့ကိုရှောင် ပျော်နေသလား ။ စိတ်လည်းမနာ ခွင့်လွှတ်ဆဲ သူ့ကိုအမြဲ တောင်းဆဲပါ ငါ့နှလုံးက သူပျော်စေသား ။ (၁၉-၃-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး
LIFE'S GUIDE
Image
We should always ask this questions from ourselves. Who are you? Me.👈 Where are you? Here. 👈 What time is it? Now. 👈 What are you doing? As the moment. 👈 What should you do? As the situation. 👈 A Youth Born On The Land Of Arakan
ENEMY
Image
လူဖြူလူမည်းခွဲခြားသူ ဒို့ရန်သူ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
Repatriation
Image
ကြောက်ပါတယ် ဒုက္ခသည်စခန်းယောင်ရယ် ပြန်ချိန်မတန်သေးဘူးလို့ ပြောပါရစေ...... # တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
နှမချင်း​လေး​တော့ စာ​စေချင်
Image
[ မြန်မာစစ်သားများ၏ ယုတ်မာမှုများ ] ❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆ စစ်မိစ္ဆာများ စစ်​​ကြောင်းချီလာပြီ         ငါတို့​မြေပေါ် ဘိုးဘွားက​လေး အမျိုးသမီးများမကျန်​ ရက်​စက်​လို့​စော်​ကား         ဒို့ရပ်​ အိုးအိမ်​စွန့်​ကာ ပစ္စည်းသိမ်းချိန်​မရှိပါ         ကိုယ်​လွတ်​ရုန်းကာ တောတောင်ဆီကို အသက်​လွတ်​ဖို့ ထွက်​​ပြေး         အားလုံးထားခဲ့ပြီ၊ ဆုံးရှုံးခဲ့ရပြီ၊ အနာဂတ်​မိုး​မှောင်​ ကျခဲ့ပြီ​လေ... ရိုဟင်ဂျာအမျိုးသမီး ဆိုးခဲ့ကံကြမ္မာ တကယ်​အဖြစ်​​တွေ           ဝိုင်းဝန်းမုဒိန်းကျင့်​ သတ်​ဖြတ်​မှုခံကာ ဆုံးရှာရ၊           အသက်​မဆုံးရင်​လဲကွယ်​ လူ​ရှေ့သိက္ခာပျက်​ကာ အိမ်​​ထောင်​သည်​​တွေ အိမ်​​ထောင်​ပျက်​ကာ ဝမ်းနည်းမျက်​ရည်​​တွေဝေ... ဘဝပျက်​ခဲ့ပြီ၊ ဆုံးရှုံးခဲ့ရပြီ နှမချင်း​လေး​တော့ စာ​စေချင်... ရိုဟင်ဂျာများ သွေး​ကြွေးတင်​​နေလို့လား ရှေးဝဋ်​​ကြွေးများ ရှိခဲ့လို့​လားကွယ်       ​ တွေးစရာအဖြစ်​... ရှိသမျှသိမ်းယူ တွေ့သမျှကိုပစ်​ကာ တိရစ္ဆာန်​​ပမာ၊ ဖမ်းချုပ်​ချည်​​နှောင်​         ရက်​စက်​သတ်​ကာ​လေ ဒို့ရပ်​၊ ဒို့မြေ စစ်​​ကြောင်းပြည့်​ခဲ့ပြီ         ထွက်​​ပြေးဖို့ေမြေမရှိပြီလေ ... ဘဝပျက်
YOU ARE (နင်ဟာ)
Image
YOU ARE ×•×•×•×•× You are the dawn choruses of aurora. You are the slight breezes of twilight. You are the gleaming moon of autumnal night. You are the fluttering roses of winter's morning. You are the water drops of rain cease. You are the paper-boat in rain water. You are the relaxing shelter under the scorching sun. You are... You are... and You are every moment of my life with new means. You plunged into my heart and swam in my soul. You are in me and I am in you. (10-3-2018) A youth born on the land of Arakan နင်ဟာ ------ နင်ဟာ အာရုဏ်ဦးရဲ့  ငှက်တေးသံကလေးတွေပါ။ နင်ဟာ နေဝင်ဆည်းဆာရဲ့  လေညင်းပျော့ပျော့တွေပါ။ နင်ဟာ ဆောင်းဦးညရဲ့  တောက်ပဝင်းလက်တဲ့ လမင်းကြီးပါ။ နင်ဟာ ဆောင်းရာသီနံနက်ခင်းရဲ့  တလှပ်လှပ်လှုပ်နေတဲ့ နှင်းဆီပန်းပါ။ နင်ဟာ မိုးစဲစဲအချိန်ရဲ့  ရေစက်လေးတွေပါ။ နင်ဟာ မိုးရေထဲက  စက္ကူလှေကလေးပါ။ နင်ဟာ နေပူကျဲကျဲအောက်က  နားခိုရာ တဲအိမ်ကလေးပါ။ နင်ဟာ ... နင်ဟာ ...  နင်ဟာ ငါ့ဘဝရဲ့အချိန်တိုင်းမှာ  နည်းပုံစံအသစ်နဲ့ ရှိနေပါတယ