ကောင်မလေး (၄)
တို့ကြားမှာ ဝေးကွာခြင်းတွေရှိနေမယ့်အစား
ဆုံစည်းရမယ့် နေ့လေးကိုသာ
ရောက်စေချင်မိတယ်...
တို့ကြားမှာ အလွမ်းတွေနဲ့ရင်နင့်စေမယ့်အစား
လက်တွဲပျော်ရွှင်ရမယ့် နေ့လေးကိုသာ
စောင့်စားနေမိတယ်...
တို့ကြားမှာ နားလည်မှုလွဲပြီး စိတ်ဆိုးနေမယ့်အစား
ထာဝရလက်တွဲရမယ့် နေ့လေးကိုသာ
ပိုင်ဆိုင်ခွင့်ရချင်မိတယ် ...
ကောင်မလေးရယ်...
(၂၇-၂-၂၀၁၈)
အာရကန်မြေဖွားလူငယ်တစ်ဦး

Comments
Post a Comment