လူသား သတိထား
ဩော်လွန်ပါပြီ ...
ကိုယ်လိုရာ ဖြည့်လျှံမည်၊
သူ့ကိုတိုက်၍ ကိုယ်နိုင်ရမည်၊
ငတ်ချင်ငတ်စေ ကိုယ်ပိုင်မည်၊
သူ့တစ်ထွာ ငါ့မြေတစ်ကွက် နှင်ထုတ်မည်။
(ဓနတစ်ပိုင်း လူမိုက်နိုင်)
ဩော်လွန်ပါပြီ ...
ငါသည် တစ်မည်ချည်း၊
လူကြီးမင်းနှင့်ရင်နှီး
သူ့ကိုထိ၍ လာဘ်ရစေ၏။
ငယ်သားလက်ရှည် ခေါင်းညွှတ်ရေး
သနားမတတ်၊ မသွန်သင်မဆုံးမဘဲ
ခြိမ်းခြောက်ရက်စက်တတ်၏။
စီရင်ချက်လာဘ်ကြီး အသာကြီး
မျှတမှု စိုးစဉ်မျှမရှိ။
(ရပ်ရွာအကျိုး ပါဝါရူး)
ဪလွန်လေပြီ ...
ဂျောင်ခိုသေနတ်သံပြု
တောမြိုင်ခြုံငှက်ကလေးများ တကူးကူး...
ဟိုဟိုထိုထို ဟန်ပြု
ကိုယ့်အမျိုး သမိုင်းဆိုး
ခိုးစားရေး အကြံပြု
ခုချိန်ထိလူဦးခုန်ဟု
သူရှက်မကွဲဘူး။
(လူ့အသိုင်းဝိုင်းကို လိမ်လည်သူ)
ဩော် ကြံနေပြီ ...
ဟုတ်သည်ဟုတ်သည် ငါမင်းကြီး
ငါပြောသမျှ သူနာသည်။
ခိုးစားမည် လူပျင်းကြီး
တင်စားတတ်သူအခါမလွှတ် ဟားဟားကြီး။
(မိမိဘာသာ မှတ်ချက်ပြု၊ အချိန်တန်ပြီ)
ဩော် တွေးလေပြီ ...
ဤတတ်ထိုသိ ဟိတ်ဟန်လေးနှင့်
ငါသည်ပညာရှိ ဟစ်သူကလေ
ငါကြီးဥာဏ်မမီ ငါကဲ့ရဲ့မည်။
မျှဝေသင်ကြား မပေးလေ
ကိုယ်လိုရာ ဂါရဝတရားဖယ်
ဂုဏ်သိက္ခာမဲ့ ငရဲသားရေ။
(တတ်ယောင်ကြီး အရေးရှောင်တတ်၏)
ဩော် လူသားသတ္တဝါ ...
ဆရာဇော်ဂျီ ဆိုမိန့်သလို
ကိုယ့်အရေးကိုယ်ထား
အိုရ၊ နာရ၊ သေရ မည်သည်ကား
ကြိုသိကြိုမြင်ခဲ့သလား။
သေခြင်းဆိုးရှောင်ကြ။
ထို့ပြင်တခြား
လူကွယ်သူဖွား အစဉ်အလာကျန်ကောင်းသော်
ဖွားသောမြေသည်လည်း
အခြေတိုးမြင့် ကျန်ရစ်ပေလိမ့်မည်။
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတိုးမြင့် ကျန်ကောင်းလိမ့်မည်။
လူမိုက်စရိုက် မကင်းမရှင်း၊
ကောင်းရာနေရာ ဘုံဗိမာန်သားမဖြစ်ရကား
မျိုးရိုးအသိုင်းဝိုင်းကြီး ပပျောက်ပါလိမ့်မည်။
ထိုလူမိုက် လူကြမ်းတတွင်တွင် ချက်ပိုင်လိမ့်မည်၊
အို ... အသင်လူသား သတိထားလောက်ပြီ။
(၂၆-၂-၂၀၁၈)
အာရီယန် ရဟ်မာန်း

ကိုယ်လိုရာ ဖြည့်လျှံမည်၊
သူ့ကိုတိုက်၍ ကိုယ်နိုင်ရမည်၊
ငတ်ချင်ငတ်စေ ကိုယ်ပိုင်မည်၊
သူ့တစ်ထွာ ငါ့မြေတစ်ကွက် နှင်ထုတ်မည်။
(ဓနတစ်ပိုင်း လူမိုက်နိုင်)
ဩော်လွန်ပါပြီ ...
ငါသည် တစ်မည်ချည်း၊
လူကြီးမင်းနှင့်ရင်နှီး
သူ့ကိုထိ၍ လာဘ်ရစေ၏။
ငယ်သားလက်ရှည် ခေါင်းညွှတ်ရေး
သနားမတတ်၊ မသွန်သင်မဆုံးမဘဲ
ခြိမ်းခြောက်ရက်စက်တတ်၏။
စီရင်ချက်လာဘ်ကြီး အသာကြီး
မျှတမှု စိုးစဉ်မျှမရှိ။
(ရပ်ရွာအကျိုး ပါဝါရူး)
ဪလွန်လေပြီ ...
ဂျောင်ခိုသေနတ်သံပြု
တောမြိုင်ခြုံငှက်ကလေးများ တကူးကူး...
ဟိုဟိုထိုထို ဟန်ပြု
ကိုယ့်အမျိုး သမိုင်းဆိုး
ခိုးစားရေး အကြံပြု
ခုချိန်ထိလူဦးခုန်ဟု
သူရှက်မကွဲဘူး။
(လူ့အသိုင်းဝိုင်းကို လိမ်လည်သူ)
ဩော် ကြံနေပြီ ...
ဟုတ်သည်ဟုတ်သည် ငါမင်းကြီး
ငါပြောသမျှ သူနာသည်။
ခိုးစားမည် လူပျင်းကြီး
တင်စားတတ်သူအခါမလွှတ် ဟားဟားကြီး။
(မိမိဘာသာ မှတ်ချက်ပြု၊ အချိန်တန်ပြီ)
ဩော် တွေးလေပြီ ...
ဤတတ်ထိုသိ ဟိတ်ဟန်လေးနှင့်
ငါသည်ပညာရှိ ဟစ်သူကလေ
ငါကြီးဥာဏ်မမီ ငါကဲ့ရဲ့မည်။
မျှဝေသင်ကြား မပေးလေ
ကိုယ်လိုရာ ဂါရဝတရားဖယ်
ဂုဏ်သိက္ခာမဲ့ ငရဲသားရေ။
(တတ်ယောင်ကြီး အရေးရှောင်တတ်၏)
ဩော် လူသားသတ္တဝါ ...
ဆရာဇော်ဂျီ ဆိုမိန့်သလို
ကိုယ့်အရေးကိုယ်ထား
အိုရ၊ နာရ၊ သေရ မည်သည်ကား
ကြိုသိကြိုမြင်ခဲ့သလား။
သေခြင်းဆိုးရှောင်ကြ။
ထို့ပြင်တခြား
လူကွယ်သူဖွား အစဉ်အလာကျန်ကောင်းသော်
ဖွားသောမြေသည်လည်း
အခြေတိုးမြင့် ကျန်ရစ်ပေလိမ့်မည်။
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတိုးမြင့် ကျန်ကောင်းလိမ့်မည်။
လူမိုက်စရိုက် မကင်းမရှင်း၊
ကောင်းရာနေရာ ဘုံဗိမာန်သားမဖြစ်ရကား
မျိုးရိုးအသိုင်းဝိုင်းကြီး ပပျောက်ပါလိမ့်မည်။
ထိုလူမိုက် လူကြမ်းတတွင်တွင် ချက်ပိုင်လိမ့်မည်၊
အို ... အသင်လူသား သတိထားလောက်ပြီ။
(၂၆-၂-၂၀၁၈)
အာရီယန် ရဟ်မာန်း

Comments
Post a Comment