ကောင်မလေး (၅)

ကောင်မလေးရယ်...
နင်တစ်ချိန်တုန်းက 
အခိုင်အမာကတိပေးပြောဆိုခဲ့တယ်
"ဘယ်တော့မှမခွဲပါဘူး" တဲ့ 
ထိုစကားတွေ နားထဲကြားနေဆဲ
အော်... ခုတော့ 
တောင်ဝန်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက်အထိ နီးခဲ့လေပြီ ...

ကောင်မလေးရယ်...
နင် တစ်ချိန်တုန်းက
အမြဲတမ်းအတွက် မှာကြားခဲ့တယ်
"ထာဝရချစ်နေပေးပါ" တဲ့
ထိုဟန်မူရာလေးတွေ ခုထိမြင်ယောင်နေဆဲ
အော် ... ခုတော့
နှလုံးသားအနာစက်တွေ ထာဝရအတွက် ထင်ကျန်ခဲ့လေပြီ ...

(၂၈-၂-၂၀၁၈)
အာရကန်မြေဖွားလူငယ်တစ်ဦး


Comments

Popular posts from this blog

❝လှည့်စားတတ်သူ❞

ဒဏ်ရာဟောင်း