အိမ်ပြန်လမ်း

ကံကြမ္မာကို ယုံကြည်မိပြီး
နာကျင်ခြင်းဝေဒနာ သွေးဖြာဖြာကျဆင်းလို့
အို..ကံကြမ္မာရယ် ရက်စက်လေခြင်း။

မုဆိုးပိုက်ထောင် အလစ်ငိုက်ဖမ်း
သားကောင်အလား ရက်စက်သတ်ဖြတ်လို့
သတ္တဝါဆိုးတွေကြားမှ လွတ်မြောက်လာခြင်း။

ကုန်ဆုံးဖူးတဲ့ သက်တမ်းတချို့
အငွေ့အသက်များ မြင်ခွင့်ပြန်ရချင်မိလို့
လမ်းလျှောက်ရင်း လမ်းပျောက်နေခြင်း။

အတုယောင်တွေ အလှဆင်တဲ့
ဘဝ ဝင်္ကပါ စစ်တလင်းထဲသို့
မာန်ဟုန်တင်းလို့ တိုက်စစ်ဆင်ခြင်း။

ထိုဝင်္ကပါထဲ ပဲ့ကိုင်မဲ့ကားစီးကာ
အမျိုးဂုဏ်ဆောင် လူတစ်ယောက်ဖြစ်ဖို့ 
ကျရာကဏ္ဍမှာ ကြိုးစားရုန်းကန်​ရတဲ့ခါ
အိမ်ပြန်လမ်းဟာ ဝေဝါးရင်းဝေဝါးနေခြင်း။

(၁၈-၂-၂၀၁၈)
အာရကန်မြေဖွားလူငယ်တစ်ဦး

Comments

Popular posts from this blog

❝လှည့်စားတတ်သူ❞

ဒဏ်ရာဟောင်း