နေတတ်လာပြီ
ဝေးကွာသွားပေမဲ့လည်း
ရင်ထဲတစ်နေရာမှာ နင်ကျန်ရစ်နေ
မျက်တောင်မှေးပေါ်က မျက်ရည်အဖြစ်နဲ့ပေါ့
ငါဟာ ဒီလိုပဲနေတတ်လာပြီ...
နင်ငါ့ကိုထားသွားတော့
ရင်ထဲနာကျင်မှုတွေပဲကြွင်းကျန်နေ
အသက်ရှူနိုင်ဖို့လောက်ပဲ အင်အားတွေရှိနေတော့
ငါဟာ ဒီလိုပဲနေတတ်လာပြီ...
နင်မရှိပေမဲ့လည်း
နင့်အလွမ်းတွေအချိန်တိုင်းအနားမှာရှိနေ
အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ထားတဲ့နှလုံးသားနဲ့ပေါ့
ငါဟာ ဒီလိုပဲနေတတ်လာပြီ...
(၁၉-၂-၂၀၁၈)
အာရကန်မြေဖွားလူငယ်တစ်ဦး
ရင်ထဲတစ်နေရာမှာ နင်ကျန်ရစ်နေ
မျက်တောင်မှေးပေါ်က မျက်ရည်အဖြစ်နဲ့ပေါ့
ငါဟာ ဒီလိုပဲနေတတ်လာပြီ...
နင်ငါ့ကိုထားသွားတော့
ရင်ထဲနာကျင်မှုတွေပဲကြွင်းကျန်နေ
အသက်ရှူနိုင်ဖို့လောက်ပဲ အင်အားတွေရှိနေတော့
ငါဟာ ဒီလိုပဲနေတတ်လာပြီ...
နင်မရှိပေမဲ့လည်း
နင့်အလွမ်းတွေအချိန်တိုင်းအနားမှာရှိနေ
အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ထားတဲ့နှလုံးသားနဲ့ပေါ့
ငါဟာ ဒီလိုပဲနေတတ်လာပြီ...
(၁၉-၂-၂၀၁၈)
အာရကန်မြေဖွားလူငယ်တစ်ဦး

Comments
Post a Comment