နှမချင်း​လေး​တော့ စာ​စေချင်
[ မြန်မာစစ်သားများ၏ ယုတ်မာမှုများ ]
❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆
စစ်မိစ္ဆာများ စစ်​​ကြောင်းချီလာပြီ        
ငါတို့​မြေပေါ် ဘိုးဘွားက​လေး
အမျိုးသမီးများမကျန်​ ရက်​စက်​လို့​စော်​ကား        
ဒို့ရပ်​ အိုးအိမ်​စွန့်​ကာ ပစ္စည်းသိမ်းချိန်​မရှိပါ        
ကိုယ်​လွတ်​ရုန်းကာ တောတောင်ဆီကို
အသက်​လွတ်​ဖို့ ထွက်​​ပြေး        
အားလုံးထားခဲ့ပြီ၊ ဆုံးရှုံးခဲ့ရပြီ၊
အနာဂတ်​မိုး​မှောင်​ ကျခဲ့ပြီ​လေ...
ရိုဟင်ဂျာအမျိုးသမီး
ဆိုးခဲ့ကံကြမ္မာ တကယ်​အဖြစ်​​တွေ          
ဝိုင်းဝန်းမုဒိန်းကျင့်
သတ်​ဖြတ်​မှုခံကာ ဆုံးရှာရ၊          
အသက်​မဆုံးရင်​လဲကွယ်
လူ​ရှေ့သိက္ခာပျက်​ကာ
အိမ်​​ထောင်​သည်​​တွေ အိမ်​​ထောင်​ပျက်​ကာ
ဝမ်းနည်းမျက်​ရည်​​တွေဝေ...
ဘဝပျက်​ခဲ့ပြီ၊ ဆုံးရှုံးခဲ့ရပြီ
နှမချင်း​လေး​တော့ စာ​စေချင်...
ရိုဟင်ဂျာများ သွေး​ကြွေးတင်​​နေလို့လား
ရှေးဝဋ်​​ကြွေးများ ရှိခဲ့လို့​လားကွယ်       
တွေးစရာအဖြစ်​...
ရှိသမျှသိမ်းယူ တွေ့သမျှကိုပစ်​ကာ
ရက်​စက်​သတ်​ကာ​လေ
ဒို့ရပ်​၊ ဒို့မြေ စစ်​​ကြောင်းပြည့်​ခဲ့ပြီ        
ထွက်​​ပြေးဖို့ေမြေမရှိပြီလေ ...
ဘဝပျက်​ခဲ့ပြီ၊ ဆုံးရှုံးခဲ့ရပြီ
နှမချင်း​လေး​တော့ စာ​စေချင်​...။    ။
(ရို ရှမိမ်း)
Photo source: Reuter
Comments
Popular posts from this blog
❝လှည့်စားတတ်သူ❞
ဒဏ်ရာဟောင်း