အထင်မှား

နာကျင်ခြင်းဟာ စာသားတစ်ခုပဲလား
ဝေးကွားခြင်းဟာ စာသားတစ်ခုပဲလား
အထီးကျန်ခြင်းဟာ စာသားတစ်ခုပဲလား
လွမ်းဆွတ်ခြင်းဟာ စာသားတစ်ခုပဲလား
တောင့်တခြင်းဟာ စာသားတစ်ခုပဲလား
အောက်မေ့ခြင်းဟာ စာသားတစ်ခုပဲလား
ရူးမူးခြင်း စာသားတစ်ခုပဲလား
ဒီစိတ္တဇတွေကို စာရွက်ပေါ်ရေးချတာနဲ့
စာသားမျှသာလို့ မထင်မှတ်လိုက်ပါနဲ့ ...

(၄-၃-၂၀၁၈)
အာရကန်မြေဖွားလူငယ်တစ်ဦး




Comments

Popular posts from this blog

❝လှည့်စားတတ်သူ❞

ဒဏ်ရာဟောင်း