အချစ်ခရီး
ချစ်ခြင်းမေတ္တာတစ်ခုတွက်
အရာရာရှုံးနိမ့်ခဲ့ရ
မနက်ဖြန်ပေါင်းများစွာ
သေချာစွာဝေးနေရ
မဝေးခဲ့ပါဘူးလို့
စကားလုံးတွေနဲ့ဖြေသိမ့်လည်း
ထိုစကားလုံးတွေရဲ့
အသံ အဓိပ္ပါယ်အလျှင်းမရှိတော့
ကိုယ်တိုင်ဥပေက္ခာပြုလို့
လျစ်လျူရှုငြိမ်သက်နေရ။
နင်ရှိပါတယ်...
စိတ်ကူးအိပ်မက်တွေထဲမှာ
ကဗျာတွေပုံပြင်တွေထဲမှာ
ဒဿနစာကြောင်းအောက်မှာ
ဇာတ်လမ်းစာမျက်နှာပေါ်မှာ
သီချင်းသံစဉ်တွေထဲမှာ
ဂီတာကြိုးတွေနောက်မှာပေါ့....
ဒါပေမဲ့...
ရူပက္ခန္ဓာမဲ့နေတော့
ဆန္ဒအာသီသကို
သူစိမ်းဆန်နေလိုက်ရ။
ခရီးဆက်ဖို့အတွက်
အလွမ်းအစအနနဲ့
အနာစက်တွေကို
ဖာထေးဖို့ကြိုးစားရင်
ကယ်သူမဲ့လျှောက်လှမ်းနေရ။
ဒါဟာ...
အစွန်းမရှိတဲ့စမ်းချောင်းလား
ကမ်းစပ်မရှိတဲ့ပင်လယ်လား
ဘူတာမရောက်တဲ့ရထားလား
နိဂုံးမချုပ်တဲ့ပုံပြင်လား
မိုးမလင်းတဲ့ညလား .....
(၂-၃-၂၀၁၈)
အာရကန်မြေဖွားလူငယ်တစ်ဦး
အရာရာရှုံးနိမ့်ခဲ့ရ
မနက်ဖြန်ပေါင်းများစွာ
သေချာစွာဝေးနေရ
မဝေးခဲ့ပါဘူးလို့
စကားလုံးတွေနဲ့ဖြေသိမ့်လည်း
ထိုစကားလုံးတွေရဲ့
အသံ အဓိပ္ပါယ်အလျှင်းမရှိတော့
ကိုယ်တိုင်ဥပေက္ခာပြုလို့
လျစ်လျူရှုငြိမ်သက်နေရ။
နင်ရှိပါတယ်...
စိတ်ကူးအိပ်မက်တွေထဲမှာ
ကဗျာတွေပုံပြင်တွေထဲမှာ
ဒဿနစာကြောင်းအောက်မှာ
ဇာတ်လမ်းစာမျက်နှာပေါ်မှာ
သီချင်းသံစဉ်တွေထဲမှာ
ဂီတာကြိုးတွေနောက်မှာပေါ့....
ဒါပေမဲ့...
ရူပက္ခန္ဓာမဲ့နေတော့
ဆန္ဒအာသီသကို
သူစိမ်းဆန်နေလိုက်ရ။
ခရီးဆက်ဖို့အတွက်
အလွမ်းအစအနနဲ့
အနာစက်တွေကို
ဖာထေးဖို့ကြိုးစားရင်
ကယ်သူမဲ့လျှောက်လှမ်းနေရ။
ဒါဟာ...
အစွန်းမရှိတဲ့စမ်းချောင်းလား
ကမ်းစပ်မရှိတဲ့ပင်လယ်လား
ဘူတာမရောက်တဲ့ရထားလား
နိဂုံးမချုပ်တဲ့ပုံပြင်လား
မိုးမလင်းတဲ့ညလား .....
(၂-၃-၂၀၁၈)
အာရကန်မြေဖွားလူငယ်တစ်ဦး

Comments
Post a Comment