ရှားပါးသည့် အောင်မြင်မှု

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ၅-ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော ချစ်တူမလေး မရူချီမြင့်နှင့် အမှောင်ကမ္ဘာထဲကသူရဲကောင်းများဖြစ်သော အခြားရိုဟင်ဂျာကျောင်းသားကျောင်းသူတို့အား ဤကဗျာဖြင့် ဂုဏ်ပြုလိုက်၏။

ရှားပါးသည့် အောင်မြင်မှု
------------------------
ပတ်ဝန်းကျင်တစ်ခုလုံးမိုးမစဲတမ်း
ကမ်းမမြင်လောက်အောင် ဖြစ်နေပေမယ့်လည်း
ရေပြင်ကြီးကိုကျော်ဖြတ်နိုင်ခဲ့ပြီ၊၊

အာကာပြင်ကတိမ်ဖုံးလမင်းလို
လမ်းမမြင်လောက်အောင် မှောင်နေပေမယ့်လည်း
အမှောင်ထုမှ ဖောက်ထွင်းနိုင်ခဲ့ပြီ။

ခရီးလမ်းတစ်လျှောက်လုံး
ဆူးခလုတ်တွေ ခင်းကျင်းထားပေမယ့်လည်း
ဆူးနင်းရင်း ပန်းကိုဆွတ်ခူးနိုင်ခဲ့ပြီ။

လွတ်လပ်တဲ့ပြိုင်ပွဲဝင်တွေကြား
လက်ထိတ်တွေ ခတ်ထားပေမယ့်လည်း
ရှားပါးသည့် အောင်မြင်မှုကိုဆွတ်ခူးနိုင်ခဲ့ပြီ။

ရှုပ်ထွေးတဲ့ဇာတ်လမ်းတစ်ခုကို
မင်ကုန်ဆဲဆဲကလောင်လေးနဲ့
အပြီးတိုင် အခမ်းနားဆုံးချေမှုန်းနိုင်ခဲ့ပြီ။

(၂ - ၆ - ၂၀၁၈)
အာရကန်မြေဖွားလူငယ်တစ်ဦး 











Comments

Popular posts from this blog

❝လှည့်စားတတ်သူ❞

ဒဏ်ရာဟောင်း