မက်​ဖန်​များ​သော အိပ်​မက်​များ

လောင်ကျွမ်းနေသည့် အိမ်​ထဲပိတ်​မိ
မသန်​မစွမ်း အ​မေအိုကို
လိုက်​၍ကယ်​​သော သားသူရဲ​ကောင်း
"ဒိုင်းခနဲသံ" တစ်​ချက်​​အောက်​မှာ
အ​မေအိုလည်းဆုံး သားလည်းဆုံး၏။

ယခုအခါ ...
အတိတ်​​နေ့ရက်​က သေနတ်ပစ်ချက်
အိပ်​​ပျော်​ရာမှ လန့်​နိုး​စေရာ ...
သည်​လိုအိပ်​မက်​ မက်​ဖန်​များ၏။

#ယျာတင်​ (ရိုဟင်းသား)
Photo : Gettyimages

Comments

Popular posts from this blog

❝လှည့်စားတတ်သူ❞

ဒဏ်ရာဟောင်း