ထိုပန်းတိုင်သို့

ညတွေက တိတ်ဆိတ်တယ်
ကြယ်တွေတောင် ခပ်တိုးတိုးပဲနေကြတယ်
လမ်းပျောက်နေသူငါ အိမ်မက်တွေရှာမတွေ့လို့
တစ်ကိုယ်တော် အထီးကျန်လို့....

ဝိုးတဝါးနဲ့ အလင်းတစ်ခုကို ငါတွေ့တယ်
လိုက်ကြည့်မိတော့ အမှောင်ထဲကို ဝင်ပြေးသွားတယ်
ဘယ်မှာလဲ ထိုပုံပြင်
ငါ့ကိုနှစ်သိမ့်ခဲ့တဲ့ ပန်းတိုင်ဥယျာဉ်ဆိုတာ....

ခပ်လဲ့လဲ့ အလင်းယိုင်တွေကိုတော့တွေ့တယ်
မိုးကြိုးပစ်မယ်လို့တော့မခြောက်ပါနဲ့
ငါကို တစ်ခေါက်လောက်တော့ သွားကြည့်ခွင့်ပေးပါ.....

အရာရာတိုင်းမှာ တန်ပြန်စွမ်းအားရှိတယ်ဆို
နေထိုးတဲ့နံရံဟာ ဘာလို့အလင်းမပြန်ရတာလဲ
မီးရှို့တဲ့ကျောက်ဆောင်ဟာ ဘာလို့ပြာဖြစ်မသွားတာလဲ....

ထားပါလေ ...
အိမ်မပြန်တတ်တဲ့ ငှက်လိုတော့ အိပ်တန်းမတက်ချင်ဘူး
အသိစိတ်တွေ မခမ်းခြောက်ခင်
အလင်းပေါ်တဲ့ အထိတော့ စောင့်ခွင့်ရချင်ပါရဲ့....

သို့သော် ...
ဇွဲမလျှော့တတ်တဲ့အနွယ်ဝင်မို့
နေ့စဉ်ဖောက်သည်အလား ခြောက်လှန့်မှုကြောင့်
စိတ်ဒွိဟမဖြစ်စေရဘူး ...

အာရ်ကာန်မြေဖွားလူငယ်တစ်ဦး
(၂၅ - ၇ - ၂၀၁၈)




Comments

Popular posts from this blog

❝လှည့်စားတတ်သူ❞

ဒဏ်ရာဟောင်း