စွဲချက်

❝  စွဲချက်  ❞
┅❁•❁┅
ဘာကြောင့်​ရယ်မသိ
စိတ်​တံခါး​တွေပိတ်​ထားလည်း
မြင်​​နေရတယ်​ ...
စိတ်​ရဲ့သံယံဇာတတစ်​ခု
အ​ရောင်​အနံ့မရှိ
အလွမ်းအရသာ​တွေက
ဦးဏှောက်ရဲ့
တွင်းထွက်​ပစ္စည်းလား ...

ဘာကြောင့်ရယ်မသိ
နှလုံးသားတံခါးတွေပိတ်ထားလည်း
သတိရနေတယ် ...
နှလုံးသား​လောကတစ်​ခွင်
အဓိပ္ပါယ်​မရှိတရှိချိတ်​ဆွဲ
ဒီဝေဒနာတွေဟာ
နှလုံးသားရဲ့
ပွတ်ဆူသံတွေလား ...

ကွေ့​ကောက်​စွာစီးဆင်း
မာယာမြစ်​ထဲ ပိုက်​ကွန်​မိတဲ့ငါး
နားလည်​မှုမျက်​ရည်​မြစ်​ထဲမှာ
တသွင်​သွင်​စီးဆင်း
အသိဥာဏ်​မိုက်​လုံးကြီးဟာ
သူသာအသိဆုံး ...

ရေပွတ်​ပမာလူ့​လောကထဲ
နှလုံးသားထထပွတ်​ကာ
မကြာခဏ ခွေရိုင်​လဲကျ
အစွဲအလမ်းမှာ
မနွှဲစတမ်းခပ်​ကြမ်းကြမ်း
ပြစ်​ချ ပုတ်​ချ
ဒီ​ကောင်​ လူညံ့
ပြုတ်​ပြုတ်​ကျတာ
လောကကြီးကအားနာ​နေမလား ...

(၂၀ - ၈ - ၂၀၁၈) 
အာရ်ကာန်မြေဖွားလူငယ်တစ်ဦး




Comments

Popular posts from this blog

❝လှည့်စားတတ်သူ❞

ဒဏ်ရာဟောင်း