ပန်းကလေး
ပန်းကလေး
လှမ်းမယ်လို့  မရည်ရွယ်ပါဘူး
ပန်းကလေးရယ်...
ဒါပေမယ့်
မချစ်ဖူးသေးတဲ့  အချစ်တွေနဲ့ 
ရူးလောက်အောင်ချစ်ခဲ့တာမို့ 
အချစ်ဦးလို့တော့အမည်တပ်ပါရစေ ။
ခူးမယ်လို့  မရည်စူးပါဘူး
ပန်းကလေးရယ်....
ဆူးရံတဲ့နှင်းဆီပန်းလေးလို
မခမ်းနားပေမယ့်
ဖြူစင်တဲ့စံပယ်ပွင့်လေးအဖြစ်
မြတ်နိုးခွင့်လေးတော့ပေးပါ ။
နမ်းမယ်လို့  မမှန်းရွယ်ပါဘူး
ပန်းကလေးရယ်....
သဏ္ဌာန်ခြားလွန်းတဲ့ဘဝနှစ်ခု
ထပ်တူပြုဖို့ဆိုတာ
မဖြစ်နိုင်တာကိုမျှော်လင့်မိတဲ့
ရူးသွပ်မှုတစ်ခုမို့
အဝေးကငေးနေရရုံပါ
ပန်းကလေးရယ် ......
ဆွေးသမျှတွေကို
ပန်းကလေး မသိရင်လည်းနေပါစေတော့ ....။ ။
(၇ - ၈ - ၂၀၁၈)
အာရ်ကာန်မြေဖွားလူငယ်တစ်ဦး
လှမ်းမယ်လို့  မရည်ရွယ်ပါဘူး
ပန်းကလေးရယ်...
ဒါပေမယ့်
မချစ်ဖူးသေးတဲ့  အချစ်တွေနဲ့ 
ရူးလောက်အောင်ချစ်ခဲ့တာမို့ 
အချစ်ဦးလို့တော့အမည်တပ်ပါရစေ ။
ခူးမယ်လို့  မရည်စူးပါဘူး
ပန်းကလေးရယ်....
ဆူးရံတဲ့နှင်းဆီပန်းလေးလို
မခမ်းနားပေမယ့်
ဖြူစင်တဲ့စံပယ်ပွင့်လေးအဖြစ်
မြတ်နိုးခွင့်လေးတော့ပေးပါ ။
နမ်းမယ်လို့  မမှန်းရွယ်ပါဘူး
ပန်းကလေးရယ်....
သဏ္ဌာန်ခြားလွန်းတဲ့ဘဝနှစ်ခု
ထပ်တူပြုဖို့ဆိုတာ
မဖြစ်နိုင်တာကိုမျှော်လင့်မိတဲ့
ရူးသွပ်မှုတစ်ခုမို့
အဝေးကငေးနေရရုံပါ
ပန်းကလေးရယ် ......
ဆွေးသမျှတွေကို
ပန်းကလေး မသိရင်လည်းနေပါစေတော့ ....။ ။
(၇ - ၈ - ၂၀၁၈)
အာရ်ကာန်မြေဖွားလူငယ်တစ်ဦး

Comments
Post a Comment