သင်းကွဲအပြုံး
- ဝံပုလွေဆိုတာ
ဦးနှောက်ထဲ ရမ္မက်အပြည့်နဲ့
စဉ်းလဲတတ်တဲ့ သတ္တဝါ
တစ်မျိုးပ။
မွေးကတည်းက
အတ္တတွေ ဝါးမျိုကြီးပြင်း
ဝိညာဉ်တွေ စားသောက်ရင်း
ပန်းပွင့်တွေ စားသောက်ရင်း
သက်ပြင်းချသံသဲ့သဲ့မှာ
သွေးညှီနံ ပါမြဲ။
ရင်းမြစ်ဗီဇဟာ
သွေးသားဆဲလ်ထဲမှာကိုက
အတ္တအဘိဓမ္မာအဆိပ်များ
သော့ပိတ်ထားပြီးပေါ့။
အုပ်စုကွဲ
တစ်ကောင်တည်း ပဲ့ထွက်လာတဲ့အခါ
မာယာမျက်နှာဖုံးတပ်
အကွက်ချလှည့်ဖျားဆိုးညစ်တတ်
အစွှယ်ဝှက်ပြီး ပြုံးနေတတ်တယ်။
ဒါပေမယ့်
အပြုံးထဲမှာ
သွေးညှီနံဟာ
![]() |
| Add caption |

Comments
Post a Comment