Posts
ဘဝ၏ သဘာဝ
ဘဝမှာ အမြဲတမ်းမပျော်ရွှင်နိုင်သလို ထာဝရဝမ်းနည်းရမည့် အရာလည်း မဟုတ်ပါဘူး။ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းဆိုတာ ဘဝမှာ အမြဲဒွန်တွဲလျက် ရှိနေကြပါတယ်။ လောကနိယာမအရ လူ တွေကသာ အမြဲစိတ်ချမ်းသာမှူကို လိုချင်နေကြတယ်ဆိုတော့ ဝမ်းနည်းမှု စိတ်သောကဝေဒနာတွေကို ဘေးပယ်ထားပြီး ပျော်ရွှင်ခြင်းကိုသာလျှင် ဖန်တီးရယူရခြင်းပါပဲ။ --- Secret Crush @Mohammad Ismile(OLP) ( ရိုလူငယ် )
သင်းကွဲအပြုံး
Image
ဝံပုလွေဆိုတာ ဦးနှောက်ထဲ ရမ္မက်အပြည့်နဲ့ စဉ်းလဲတတ်တဲ့ သတ္တဝါ တစ်မျိုးပ။ မွေးကတည်းက အတ္တတွေ ဝါးမျိုကြီးပြင်း ဝိညာဉ်တွေ စားသောက်ရင်း ပန်းပွင့်တွေ စားသောက်ရင်း သက်ပြင်းချသံသဲ့သဲ့မှာ သွေးညှီနံ ပါမြဲ။ ရင်းမြစ်ဗီဇဟာ သွေးသားဆဲလ်ထဲမှာကိုက အတ္တအဘိဓမ္မာအဆိပ်များ သော့ပိတ်ထားပြီးပေါ့။ အုပ်စုကွဲ တစ်ကောင်တည်း ပဲ့ထွက်လာတဲ့အခါ မာယာမျက်နှာဖုံးတပ် အကွက်ချလှည့်ဖျားဆိုးညစ်တတ် အစွှယ်ဝှက်ပြီး ပြုံးနေတတ်တယ်။ ဒါပေမယ့် အပြုံးထဲမှာ သွေးညှီနံဟာ Add caption ပါမြဲ။
အိမ်လွမ်းစိတ်
Image
အိမ်လွမ်းစိတ် •••••••••••• အိမ်လွမ်းစိတ်နဲ့၊ တိုက်စားခဲ့တဲ့ အချိန်တွေလည်း၊ ချိုးသွားခဲ့တာ ရက်မှလသို့၊ လမှနှစ်​သို့။ ပျော်ရွှင်မှုတွေ ပျောက်ရှနေတဲ့ တိုင်းတစ်ပါး​​မှာ ကျက်​စား​နေသူ ချက်​​ကြွေ​မြေ​ပေါ် ဖြစ်​သည့်​အလွမ်း ချနင်းလာရတာ ရက်စွဲများစွာလည်း ပြိုဖန်များခဲ့။ အလို ...! ဇာတိနှင့်​​ဝေး အိမ်နှင့်​​ဝေးသူ ထိုလိုလူရဲ့ ပြင်းပြလွမ်းစိတ်​​ ဘယ်သူကလာ ဖြေသိမ့်​ပေးနိုင်ပါ့မလဲ။ ပြက္ခဒိန်တွေနဲ့ ရန်ဖြစ်ခဲ့တဲ့နေ့ရက်တွေ လမ်းပျောက်နေတဲ့ မှောင်မည်းမည်းညတွေ အတိုင်းအဆ မသိရှည်နေခြင်းများ ဘယ်သူက တိတိပပသိနိုင်ပါ့မလဲ။ ရွှေ​မြေအာရ်​ကာန်​၊ ချစ်​တဲ့​မွေး​မြေကို အရောက်လှမ်း၍ ခြေချနိုင်ဖို့ တစ်နေ့နေ့ဆိုတဲ့ စကားလုံးကို ဖြေသိမ့်စရာဖြစ်​ မွေးမြူ​နေရ။ အိမ်ပြန်ချင်သူ လူငယ်​တစ်ယောက် မျှော်လင့်ချက်နှင့်​ အားအင်ရှိသမျှ ပြေး၍ချီတက်​ သွား​နေခဲ့လည်း ချစ်​ရာ​မွေး​မြေ ဝေးနေဆဲတဲ့လား။ #အာရ်ကာန်မြေဖွားလူငယ်တစ်ဦး (၅-၁၁-၂၀၁၈)
ရင်တွင်းစကား
Image
❝ ရင်တွင်းစကား ❞ ┅═❁❁═┅ တစ်ခါတလေ အကဲခတ်မှားတာ ကန်းလို့မဟုတ်ဘူး ရိုးသားလွန်းလို့ပါ ... တစ်ခါတလေ တုံးအကြီးလို့ လူချစ်မှားတာမဟုတ်ဘူး သံယောဇဉ်ကို အလေးအနက်ထားသူမို့လို့ပါ .. တစ်ခါတစ်လေ ငိုကြွေးဖူးတာ ဝမ်းနည်းလို့မဟုတ်ဘူး မတရားမှုဒဏ် ပြင်းထန်လွန်းလို့ပါ ... တစ်ခါတစ်လေ သည်းခံလွန်းတာ အကြောင်းမဲ့မဟုတ်ဘူး လုယက်ငြင်းခုံမနေချင်လို့ပါ ... တစ်ခါတစ်လေ လူဆိုးလို့အမည်တပ်ခံရတာ အမှားလုပ်လို့မဟုတ်ဘူး အမှန်တရားဆိုတာ အများအတွက်ခါးသီးလို့ပါ ... (၂၄ - ၈ - ၂၀၁၈) အာရ်ကာန်မြေဖွားလူငယ်တစ်ဦး
'' မ '' မျက်​နှာ
Image
ရင်​ထဲမှာ '' ​နွေ '' မျက်​ဝန်းမှာ '' မိုး '' နှလုံးသားမှာ ''​ ​ဆောင်း '' ရာသီ​ပြောင်း ​နေ့​ရောညကုန်​ ​မေ့လို့မရတာ '' မ '' မျက်​နှာ ။ Secret Crush@Mohammad Ismile(OLP) ( ရိုလူငယ်​ )
ပန်းကလေး
Image
ပန်းကလေး လှမ်းမယ်လို့  မရည်ရွယ်ပါဘူး ပန်းကလေးရယ်... ဒါပေမယ့် မချစ်ဖူးသေးတဲ့  အချစ်တွေနဲ့  ရူးလောက်အောင်ချစ်ခဲ့တာမို့  အချစ်ဦးလို့တော့အမည်တပ်ပါရစေ ။ ခူးမယ်လို့  မရည်စူးပါဘူး ပန်းကလေးရယ်.... ဆူးရံတဲ့နှင်းဆီပန်းလေးလို မခမ်းနားပေမယ့် ဖြူစင်တဲ့စံပယ်ပွင့်လေးအဖြစ် မြတ်နိုးခွင့်လေးတော့ပေးပါ ။ နမ်းမယ်လို့  မမှန်းရွယ်ပါဘူး ပန်းကလေးရယ်.... သဏ္ဌာန်ခြားလွန်းတဲ့ဘဝနှစ်ခု ထပ်တူပြုဖို့ဆိုတာ မဖြစ်နိုင်တာကိုမျှော်လင့်မိတဲ့ ရူးသွပ်မှုတစ်ခုမို့ အဝေးကငေးနေရရုံပါ ပန်းကလေးရယ် ...... ဆွေးသမျှတွေကို ပန်းကလေး မသိရင်လည်းနေပါစေတော့ ....။        ။ (၇ - ၈ - ၂၀၁၈)  အာရ်ကာန်မြေဖွားလူငယ်တစ်ဦး
စွဲချက်
Image
❝   စွဲချက်   ❞ ┅❁•❁┅ ဘာကြောင့်​ရယ်မသိ စိတ်​တံခါး​တွေပိတ်​ထားလည်း မြင်​​နေရတယ်​ ... စိတ်​ရဲ့သံယံဇာတတစ်​ခု အ​ရောင်​အနံ့မရှိ အလွမ်းအရသာ​တွေက ဦးဏှောက်ရဲ့ တွင်းထွက်​ပစ္စည်းလား ... ဘာကြောင့်ရယ်မသိ နှလုံးသားတံခါးတွေပိတ်ထားလည်း သတိရနေတယ် ... နှလုံးသား​လောကတစ်​ခွင် အဓိပ္ပါယ်​မရှိတရှိချိတ်​ဆွဲ ဒီဝေဒနာတွေဟာ နှလုံးသားရဲ့ ပွတ်ဆူသံတွေလား ... ကွေ့​ကောက်​စွာစီးဆင်း မာယာမြစ်​ထဲ ပိုက်​ကွန်​မိတဲ့ငါး နားလည်​မှုမျက်​ရည်​မြစ်​ထဲမှာ တသွင်​သွင်​စီးဆင်း အသိဥာဏ်​မိုက်​လုံးကြီးဟာ သူသာအသိဆုံး ... ရေပွတ်​ပမာလူ့​လောကထဲ နှလုံးသားထထပွတ်​ကာ မကြာခဏ ခွေရိုင်​လဲကျ အစွဲအလမ်းမှာ မနွှဲစတမ်းခပ်​ကြမ်းကြမ်း ပြစ်​ချ ပုတ်​ချ ဒီ​ကောင်​ လူညံ့ ပြုတ်​ပြုတ်​ကျတာ လောကကြီးကအားနာ​နေမလား ... (၂၀ - ၈ - ၂၀၁၈)  အာရ်ကာန်မြေဖွားလူငယ်တစ်ဦး
ထိုပန်းတိုင်သို့
Image
ညတွေက တိတ်ဆိတ်တယ် ကြယ်တွေတောင် ခပ်တိုးတိုးပဲနေကြတယ် လမ်းပျောက်နေသူငါ အိမ်မက်တွေရှာမတွေ့လို့ တစ်ကိုယ်တော် အထီးကျန်လို့.... ဝိုးတဝါးနဲ့ အလင်းတစ်ခုကို ငါတွေ့တယ် လိုက်ကြည့်မိတော့ အမှောင်ထဲကို ဝင်ပြေးသွားတယ် ဘယ်မှာလဲ ထိုပုံပြင် ငါ့ကိုနှစ်သိမ့်ခဲ့တဲ့ ပန်းတိုင်ဥယျာဉ်ဆိုတာ.... ခပ်လဲ့လဲ့ အလင်းယိုင်တွေကိုတော့တွေ့တယ် မိုးကြိုးပစ်မယ်လို့တော့မခြောက်ပါနဲ့ ငါကို တစ်ခေါက်လောက်တော့ သွားကြည့်ခွင့်ပေးပါ..... အရာရာတိုင်းမှာ တန်ပြန်စွမ်းအားရှိတယ်ဆို နေထိုးတဲ့နံရံဟာ ဘာလို့အလင်းမပြန်ရတာလဲ မီးရှို့တဲ့ကျောက်ဆောင်ဟာ ဘာလို့ပြာဖြစ်မသွားတာလဲ.... ထားပါလေ ... အိမ်မပြန်တတ်တဲ့ ငှက်လိုတော့ အိပ်တန်းမတက်ချင်ဘူး အသိစိတ်တွေ မခမ်းခြောက်ခင် အလင်းပေါ်တဲ့ အထိတော့ စောင့်ခွင့်ရချင်ပါရဲ့.... သို့သော် ... ဇွဲမလျှော့တတ်တဲ့အနွယ်ဝင်မို့ နေ့စဉ်ဖောက်သည်အလား ခြောက်လှန့်မှုကြောင့် စိတ်ဒွိဟမဖြစ်စေရဘူး ... အာရ်ကာန်မြေဖွားလူငယ်တစ်ဦး (၂၅ - ၇ - ၂၀၁၈)
For You
Image
I have done a lot of things I have prepared a lot of things For You. But,You are becomming thinner day by day For Another one. Maung Maung Myint #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
♥ပန်းဆွတ်လိုစိတ်♥
Image
အဖိနှိပ်ခံ ဒို့လူငယ် အိမ်မဲ့ယာမဲ့ သည်ဘဝ၌ ပန်းဆွတ်လိုစိတ် ရှိပါသည်ကား ချီးကျူးဖို့်ကောင်းပါသည်တကား။ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး
The Ocean & the Sky ...
Image
Yes, they are serving the meaning of BROAD. And also, A Rohingya youth, My all support goes to him While he is moving forward to the better meaning of the BROAD Then the so called ocean & the sky. Also ...  I support all of Rohingya-youths. Just because our entire future depend on them. A firm belief of me is_ "The broader their knowledge,  the narrower our oppressed cycle." YarTin (Rohinnthar)  Photo : Zaki Ovais Facebook
မက်​ဖန်​များ​သော အိပ်​မက်​များ
Image
လောင်ကျွမ်းနေသည့် အိမ်​ထဲပိတ်​မိ မသန်​မစွမ်း အ​မေအိုကို လိုက်​၍ကယ်​​သော သားသူရဲ​ကောင်း "ဒိုင်းခနဲသံ" တစ်​ချက်​​အောက်​မှာ အ​မေအိုလည်းဆုံး သားလည်းဆုံး၏။ ယခုအခါ ... အတိတ်​​နေ့ရက်​က သေနတ်ပစ်ချက် အိပ်​​ပျော်​ရာမှ လန့်​နိုး​စေရာ ... သည်​လိုအိပ်​မက်​ မက်​ဖန်​များ၏။ #ယျာတင်​ (ရိုဟင်းသား) Photo : Gettyimages
✿ အိုး ... မတရားသူ ✿
Image
နင်​ ဘာလုပ်​လိုက်​တာလဲ နင်​ ငါ့ကို ချစ်​တာလား  နင်​ ငါ့ကို သတ်​ပစ်​လိုက်​တာလား  အိုး  ....  မတရားသူ  ... ။  ငါ့ရဲ့ချစ်​သူအဖြစ်​ သ​ဘောထားတဲ့ နင့်​ကို  နင်​က ငါ့ကို ဒုက္ခ​ပေးခဲ့သွားတာလား  အိုး   .... မတရားသူ  ... ။  နင်​ ငါ့နှလုံးသားကို မြှားပစ်​ခံ​စား​ပေးပြီး  ငါ့ရဲ့မျက်​ရည်​ကျ​အောင်​ လုပ်​ခဲ့တယ်​  အိုး   ....   မတရားသူ ... ။   ငါ နင့်​ဆီမှာ​နေခဲ့တာအချိန်​​တွေလှခဲ့တာပါ  လက်​​မောင်းမှာလက်​ထည့်​ပြီး နင်​ရဲ့ပခုံး​ပေါ်မှာ အိပ်​​ပျော်​ကြခဲ့တာ​တွေ မ​မေ့နိုင်​ပါဘူး ... ။                                      အိုး  .... မတရားသူ                                   နင်​​ပြောခဲ့ဖူးတဲ့ အချစ်​​တွေ ဘယ်​​ပျောက်​သွားလဲ                       ...
♡ ရင်​မှာအမြဲ ♡
Image
Feel Me Anyway
Image
Love me or hate me. But, In your feelings, Keep me alive anyway. ချစ်​ခြင်းနဲ့ဖြစ်စေ မုန်းခြင်းနဲ့ဖြစ်စေ မင်းရဲ့အ​တွေးထဲ ငါ့ကို ရှင်သန်​ခွင့်​တော့​ပေးပါ ။ (၄-၇-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး
Image
Thunder sounds are  like a beating heart.  I hear your breaths in the air.  As the rain falls  like never ending tears.  -Ro Jabat Khan
သစ္စာတရား ဝေဒနာ
Image
တာဝရ သစ္စာ ကောင်မလေးအတွက် တစ်သက်တာ ငယ်​ချစ်​​ကောင်း အလင်း​ရောင်​ လရာသီ ချစ်​​လေးဆီ ဖြုန်းတီးပစ်​ အချည်းနှီး ။ ကျောင်းသူလေး အပြုံး​လေး ငယ်​ချစ်​ဦး အခါမလပ်​ဘူး အားရက်​ဆို လိုက်​လံကြို မျက်​ကွယ်​ ဘယ်​ပြုဖွယ်​ ချစ်​သူ​လေးဆီ အခါခါ​ရောက်​​တွေ့ခဲ့ပြီ ။ နှစ်​​ဆယ်​စု​ကျော်​​ ချစ်​သစ္စာ​​မျှော်​ လွမ်းဆွတ်ဖွယ်​ သမုဒ္ဒရာဝယ်​ ဤလူပဲ အိပ်​မက်​မက်​​နေဆဲ။ ​ချစ်​သူမဦး လမ်းသွယ်​သူ ငါ့အနာကို အ​ရေးမစိုက်​ဘူး ငိုသံမပြု ကျိန်​စာခို၊ ဤလူ့သစ္စာကို အရှင်​မြတ်​အစား​ပေးဖို့ ဝိုင်းကူ ကျိန်​စာဆို သိသလို မေတ္တာဆိုးပို့ကြစို့ ။ ဖုန်း​ခေါ်ကား ဘ​လော့ဂ်​ထည့်​ထား အဲ(စ်​)အမ်​အဲ(စ်​)ကား ထောင်သောင်းမက ခုကျခါ ပြန်​စာမပါ၊ လျစ်လျူရှု ဟားဟားရယ်​ဖို့ သူစိမ်းများနှင့်​ ပေါင်းဖော်၍ ဤလူကို​လေ ရက်​စက်​ချင်​သူကွယ်​။ အတိတ်​ကိုမ​တွေး လူစိမ်းကို​ဖွေး သူ့ပါးအနမ်း​ဝယ်​ အသည်းကွဲတယ်​။ သူမ​လေးမိဘ ဆွေမျိုးတော်စပ်များကား မသိလို့များ အ​ရေးမမူ သူစိမ်းရ​စေလို လူသားမကျင့်​သူ ထိုထို ဟိုဟို ဤလူသစ္စာကို ဝေဒနာ ဘဝနာ အထိနာ​စေတာ တစ်​သက်​တာ ရာသက်​ပန်​ကြာ မ​မေ့ဖွယ်​ရာ။ အချစ်​တရား စော်ကားခံရကား သစ္စာတရား အရာမဝင...
ဒဏ်ရာဟောင်း
Image
မဆုံးသေး သံယောဇဉ် ရှင်သန်မည် ထာဝရ ။ ဒဏ်ရာဟောင်း အမှတ်တရများ ရင်ဝယ်ပိုက်ထား ။ (၃၀ - ၆ - ၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး
❀ အချစ်​ဦး ❀
Image
မချစ်​ဖူးလို့ အချစ်​ရူး နင်​ဟာ အချစ်​ဦး မ​မေ့နိုင်​ပါ.....။ Secret Crush ( ရိုလူငယ် )  @ Mohammad Ismile(OLP)
တိတ်​တဆိတ်
Image
ကြယ်​များစွာဝန်းရံ ကောင်းကင်ယံကလမင်း ကြယ်​တစ်​စင်းအသက်​မဲ့ ကြွေလွင့်သွားတဲ့အခါ သိနိုင်မှာမဟုတ်​ဘူး​လေ....။ ။     Secret Crush (ရိုလူငယ်) @ Mohammad Ismile(OLP)