Posts

ဒဏ်ရာဟောင်း

Image
မဆုံးသေး သံယောဇဉ် ရှင်သန်မည် ထာဝရ ။ ဒဏ်ရာဟောင်း အမှတ်တရများ ရင်ဝယ်ပိုက်ထား ။ (၃၀ - ၆ - ၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး

❀ အချစ်​ဦး ❀

Image
မချစ်​ဖူးလို့ အချစ်​ရူး နင်​ဟာ အချစ်​ဦး မ​မေ့နိုင်​ပါ.....။ Secret Crush ( ရိုလူငယ် )  @ Mohammad Ismile(OLP)

တိတ်​တဆိတ်

Image
ကြယ်​များစွာဝန်းရံ ကောင်းကင်ယံကလမင်း ကြယ်​တစ်​စင်းအသက်​မဲ့ ကြွေလွင့်သွားတဲ့အခါ သိနိုင်မှာမဟုတ်​ဘူး​လေ....။ ။     Secret Crush (ရိုလူငယ်) @ Mohammad Ismile(OLP)

ချစ်လေး

Image
ချစ်လေး ချစ်လေးရယ်- "နင်"နဲ့ "ငါ"ကြား အဆက်အသွယ်ရှိနေတာ သူတစ်ပါးမသိပါစေနဲ့နော်- #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး

အိုင်စီစီရယ်

Image
ICC ရယ်- နင်ရဲ့ဆင့်ခေါ်ချက်ကြောင့် ဒို့အစိုးရ တုန်လှုပ်နေပါပြီ ICC ရယ် နင်ရဲ့လုပ်ရပ်ဟာ ဒို့ပြည်ကစစ်အာဏာရှင်တွေ ကျဆုံသွားဖို့လမ်းစပါဘဲ ICC ရယ်- ကမ္ဘာပေါ်၌ ဖိနှိပ်မှုတွေမရှိနိုင်အောင် ဘက်မလိုက်ဘဲ အမှန်တရားဘက်မှ မှန်မှန်ကန်ကန်ရပ်တည်ပေးကြပါနော်-- #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး

Youth

Image
အို လူငယ်တွေ ပန်းတိုင်ရောက်ဖို့ အခက်အခဲတွေကို တစ်ညီလက်ညီနဲ့ ကျော်လွှားနိုင်အောင် ကြိုးစားကြပါ။ အို လူငယ်တွေ စိန်ခေါ်မှုတွေ ရင်ဆိုင်မှုတွေကို ကျော်လွှားရဲတဲ့ သတ္တိမွေးကြပါ။ အို လူငယ်တွေ လူ့ဘဝ၌ အတက်အကျဆိုတာ ရှိပါတယ်။ အောင်မြင်မှုရရှိရေးကိုသာ ဦးတည်၍ လုပ်ဆောင်ကြပါ။ အို လူငယ်တွေ အချင်းချင်း မကျေနပ်မှုတွေ သဘောထားကွဲလွဲမှုတွေ ရှိသော်လည်း နုတ်ထွက်ရေး ခွဲထွက်ရေးကို ဘယ်တော့မှမစဉ်းစားပါနဲ့။ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး

ရှားပါးသည့် အောင်မြင်မှု

Image
၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ၅-ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော ချစ်တူမလေး မရူချီမြင့်နှင့် အမှောင်ကမ္ဘာထဲကသူရဲကောင်းများဖြစ်သော အခြားရိုဟင်ဂျာကျောင်းသားကျောင်းသူတို့အား ဤကဗျာဖြင့် ဂုဏ်ပြုလိုက်၏။ ရှားပါးသည့် အောင်မြင်မှု ------------------------ ပတ်ဝန်းကျင်တစ်ခုလုံးမိုးမစဲတမ်း ကမ်းမမြင်လောက်အောင် ဖြစ်နေပေမယ့်လည်း ရေပြင်ကြီးကိုကျော်ဖြတ်နိုင်ခဲ့ပြီ၊၊ အာကာပြင်ကတိမ်ဖုံးလမင်းလို လမ်းမမြင်လောက်အောင် မှောင်နေပေမယ့်လည်း အမှောင်ထုမှ ဖောက်ထွင်းနိုင်ခဲ့ပြီ။ ခရီးလမ်းတစ်လျှောက်လုံး ဆူးခလုတ်တွေ ခင်းကျင်းထားပေမယ့်လည်း ဆူးနင်းရင်း ပန်းကိုဆွတ်ခူးနိုင်ခဲ့ပြီ။ လွတ်လပ်တဲ့ပြိုင်ပွဲဝင်တွေကြား လက်ထိတ်တွေ ခတ်ထားပေမယ့်လည်း ရှားပါးသည့် အောင်မြင်မှုကိုဆွတ်ခူးနိုင်ခဲ့ပြီ။ ရှုပ်ထွေးတဲ့ဇာတ်လမ်းတစ်ခုကို မင်ကုန်ဆဲဆဲကလောင်လေးနဲ့ အပြီးတိုင် အခမ်းနားဆုံးချေမှုန်းနိုင်ခဲ့ပြီ။ (၂ - ၆ - ၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး 

သန္နိဋ္ဌာန်

Image
ပန်းတိုင်အရောက် လျှောက်လှမ်းသောခါ တစ်ခါတလေ အခန့်မသင့် ဆူးငြောင့်ခလုတ် စူးနစ်သွားလည်း ခရီးရှေ့ဆက် ချီတက်မည်သာ။ ငါလျှောက်သောလမ်း ခရီးကြမ်း၍ တစ်ခါတလေ ကံမဆိုက်လို့ ငုတ်ခလုတ်ထိ ချောက်ထဲကျလည်း ကုန်းပေါ်သို့ပြန် ရုန်းထမည်သာ။ ငါပြေးသောလမ်း မချော့မွေ့၍ တစ်ခါတလေ အခွင့်မထူး ချိုင့်ဝှမ်းများတွေ့ လဲကျသွားလည်း ကျော်ကာတက်လျက် ပြေးလှမ်းမည်သာ။ (၂၇-၅-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး

လူသားပိုက်ကောင်

Image
ကြိုးစားပမ်းစားကာ ပြန်ခေါ်ဖို့မဲဆွယ်နေတာ မဟုတ်တာတွေ မဆိုင်တာတွေနဲ့-- အကွက်ကျကြံစည် အကျဉ်းစခန်းမှာထားချင်တဲ့ လူသားပိုက်ကောင်အစိုးရ ကျဆုံးပါစေ..... #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး

သို့

အိပ်မက် အိပ်တဲ့အခါအိပ်မက်ထဲမှာမြင်မက်တဲ့အတိုင်းလက်တွေ့ဘဝ၌ လည်းတကယ်ဖြစ်လာအောင်ကြိုးစားဆောင်ရွက်ပေးပါနော်.. အိပ်မက်ရယ်...။ အိပ်မက်လှလှမက်ပါရစေ-- အိပ်မက်ဆိုးနဲ့တော့ဝေးပါစေ-- #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး 

သတိ

(1)စစ်ပွဲတွေရပ်ပေးဖို့မတောင်းဆိုရ။ (2)သိမ်းဆည်းခံလယ်မြေတွေပြန်ရရေး မတောင်းဆိုရ။ (3)မီဒီယာများလွတ်လပ်စွာသတင်းယူနိုင်ရေးမတောင်းဆိုရ။ မှတ်ချက်။  ။မလိုက်နာဘဲဆန္ဒပြတောင်းဆိုလျှင်တော့ ဖြို ခွင်းဖမ်းဆီးခံရမယ်၊အရေးယူခံရမယ်။                                                     ပုံ                                     2018 Democracy                     #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး                                     

ပထမဆုံးပေးစာ

Image
သို့- ကျနော်မပါဘဲ နင့်ရဲ့အိပ်မက်ထဲမှာခံစားရသောပျော်ရွှင်မှုတွေကို ကျနော့်အားပြန်ပေးဆပ်တော့ပါ။ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး

ကလောင်လက်နက်

Image
ကလောင်လက်နက်ဟာ အကောင်းဆုံးပါ၊ မလိမ်နိုင်အောင်၊လူလိမ်တွေ ရေးကြပါ၊ရို-သမိုင်း ကလောင်လက်နက်နဲ့၊ အာဏာပြလာမပြောရ ပြိုင်ရဲရင်သမိုင်းနဲ့ လူလိမ်တွေထွက်လာစမ်းပါ။ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး

သနားဖို့ကောင်းတယ်

သူ မပျော် ဒါပေမဲ့ကိုယ်ပျော် အိပ်မက်ထဲမှာ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး

အမေ

Image
အစစအရာရာကောင်းမွန်အောင်လုပ်ပေးတဲ့သူ အမှားအမှန်ခွဲခြားနိုင်အောင်သင်ပေးတဲ့သူ စည်းစည်းလုံးလုံးနေနိုင်အောင် အမြဲတမ်းလမ်းညွှန်ပေးနေသူ မဟုတ်မတရားတွေကိုလက်မခံရန် အမြဲပြောနေသူ မှန်ကန်တဲ့လမ်းကြောင်းရွေးချယ်နိုင်အောင် အမြဲညွှန်ကြားပေးနေသူ အကျင့်စာရိတ္တကောင်းမွန်အောင် အမြဲဆုံးမနေသူ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး #Mom #I am proud of u

မိတ်ဆွေ

Image
အလိုအပ်ဆုံးဟာ မိတ်ဆွေစစ်ပါ ရှိရမယ် ညီညွတ်မှု မိတ်ဆွေတွေကြားမှာပါ အခက်အခဲတွေ ကျော်အောင်နိုင်ဖို့ မိတ်ဆွေဖွဲ့ကြပါစို့ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး

မတားဆီးနိုင်

Image
ကြက်တူရွေးသူခိုးတွေ ရိုဟင်ဂျာတွေကို ဘယ်လောက်ပင်ညှဉ်းပန်းနှိပ်စက်ပါစေ မည်မျှပင်ခွဲခြားဆက်ဆံပြီးအုပ်ချုပ်ပါစေ ခိုးဝင်ဘင်္ဂါလီဟုစွပ်စွဲပါစေ လိုရာပန်းတိုင်ကိုရောက်နိုင်မည့်ကျနော်တို့ရိုလူငယ်ကြယ်ပွင့်တွေ လမ်းသစ်ဖောက်လုပ်မှုကိုတော့ ဘယ်တော့မှမတားဆီးနိုင်ပါ။ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး

တို့ပြည်

Image
ငါတို့ပြည် မြန်မာပြည် လွမ်းနေတဲ့ပြည် မြန်မာပြည် ပြန်ချင်နေတဲ့ပြည် မြန်မာပြည်။ မပြန်နိုင်တာ မြန်မာပြည်သို့ သားတို့ရဲ့အခွင့်အရေး ကြက်တူရွေးသူခိုးတွေ မပေးလို့ပါကွယ်
Image
© စိတ်ဓါတ်ကျတိုင်း ဖတ်ပါ ©  ===================== * ဖိနပ်မရှိတိုင်း………ငိုနေမိရင် * ခြေထောက်မရှိသူ………သတိရပါ။ * အလုပ်အဆင်မပြေတိုင်း ……စိတ်ညစ်နေရင် * ထမင်းငတ်နေသူတွေကို ……သတိရပါ။ * မိမိချစ်ခင်မိသူတွေအကြား စကားများရန်ဖြစ်မိရင် * အထီးကျန်နေသူတွေကို …ပြေးမြင်လိုက်ပါ။ * လောကမှာ ငါပဲ ကံဆိုးနေတာလားလို့ တွေးမိရင် * ကမ္ဘာပေါ်မှာ ဒုက္ခပေါင်းစုံရောက်နေသူတွေကို ပြေးမြင်လိုက်ပါ။ * ချစ်သူက စွန့်ပစ်သွားလို့ ……အသည်းကွဲမိရင် * စွန့်ပစ်ခံ မိဘမဲ့ကလေးငယ်များရဲ့ ဝေဒနာကို ဝင်ခံစားကြည့်ပါ။ * အလုပ်ပြုတ်သွားလို့ ……စိတ်ညစ်နေမိရင် * အလုပ်လက်မဲ့ ဖြစ်နေသူတွေကို သတိရလိုက်ပါ။ * စက်ဘီးစီးရတဲ့ ဘဝကို စိတ်ဓါတ်ကျမိရင်တော့ * လမ်းလျှောက်နေရသူတွေကိုသာ သတိထားကြည့်လိုက်ပါတော့ဗျာ။ #Aung_Zaw_Lwin_Moe( JPT )

❝စာမဖွဲ့ဘူး❞

Image
အလွမ်းကို  ရင်ဝယ်ပိုက်ကာ မျက်လုံးစိုနဲ့ ငါကပြုံး သူ့ဖို့ကိုယ်ရှုံး  ။ ကြေမွသည့် သစ္စာတုံး စွဲချက်သုံး စာမဖွဲ့ ။ အချစ်ရေ အပြစ်တွေ  မတင်တတ်သူမို့ အေးဆေးနေခဲ့  ။ (၂၆ - ၄ - ၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး 

He (9)

“I still love you.” Deleted. Retyped. Deleted. “Take care.” Deleted. Retyped. Deleted. Finally,He yelled “I really miss you.” And sent via breezes. A YOUTH BORN ON THE LAND OF ARAKAN 

❝လှည့်စားတတ်သူ❞

Image
အသည်းထက်  ကဗျည်းတင် မနီးချင်တဲ့  သူကမုန်း ။ သြော်... ချစ်သူ   စကားတစ်ခွန်းတော့ ယွန်းလို့ဖြေဦး ။ သူတိတ်လို့  ကိုယ်နာကျင် ကိုယ်လိုချင်တဲ့  အချစ်ပျောက်။ ဪ... ကိုယ့်လူ  လှည့်စားတတ်သူမို့ ထီးကျန်လမ်းဖျောက် ။ (၁၀-၄-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး

ကောင်မလေး (၇)

Image
နှလုံးသားကိုနှစ်သိမ့်ဖို့ အိပ်မက်တွေကိုအလှဆင်နိုင်ဖို့ ဆန္ဒတွေကိုပြည့်ဝစေဖို့ ဝေးကွာခြင်းတွေကိုကျော်ဖြတ်ဖို့ ကံကြမ္မာကို အကူညီတောင်းပေးပါလား ကောင်မလေးရယ်... (၇-၄-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး

April

Dear April,     "You're my biggest shock, regret and reminder.      You'd brought flowers me and left thorn finally.      You  gave  false  hopes  like  wandering birds      in the freedom of endless skies. But no destination.            I beg pardon you ...      Instead them,      please rub out yourself from my heart." A YOUTH BORN ON THE LAND OF ARAKAN  

HE (8)

Once, "Don't you love me?"  He blurted out unthinkingly.  And he hushed his ears up  as tight as he could.  Whatever her answer was,  He presumed "Yes". A Youth Born On The Land Of Arakan

HE (7)

HE (7) Once he dreamed... “Are you happy?” She asked. “Yes” He pretended. “Do you miss me?”  He wanted to asked. “I miss you so bad it hurts.”  He wanted to add.  But couldn't.  Because he knew her answer. A Youth Born On The Land of Arakan 

HE (6)

She was in his heart. And he, on her mind. He tattooed her name In the heart, forever Whilst her mind cleansed. A YOUTH BORN ON THE LAND OF ARAKAN 

HE (5)

Once, he was asked. "Did you love someone?" "Yes" he answered. "Did someone love you back?" "Sometime" he replied. A YOUTH BORN ON THE LAND OF ARAKAN 

HE (4)

She was his neighbor. He acquainted her. She became his friend. He closed to her. They became close ones. One day, 3 words from him Made her stranger. A YOUTH BORN ON THE LAND OF ARAKAN

HE (3)

She loved him. He loved her. She ignored him. He loved her. She ditched him. He acquitted her. She left him. He let her go. Today, She's lonely. He still fretting about her. A YOUTH BORN ON THE LAND OF ARAKAN

HE (2)

He apologized. Not because he was wrong, But because he knew that She was hurt deep inside. A Youth Born On The Lan Of Arakan

HE (1)

Who is he? Worrier of her. Overlooker of her. Delighter of her. Immolater of her. A Youth Born On The Land Of Arakan

တို့ကျောင်း

Image
"တို့ကျောင်း" သုသာန်အလား ဖြစ်တော့သည် သက်ရှိ ကင်းလောက်ပြီ ရိုမြေမှာ သွေးရည် လောင်း ငါတို့ စာသင်ကျောင်း။ အာရကန်မြေဖွားလူငယ်တစ်ဦး

သူပျော်ပါစေ

Image
သံယောဇဉ် နွယ်တစ်ခက် ပယ်ဖျက်တဲ့ ငါ့ချစ်သူ ။ တူနှစ်ကိုယ်  အချစ်လမ်းက ကြမ်းတမ်းရိပ်မူ ။ လှည့်စားလို့  သူဟန်ဆောင် ငါ့ကိုရှောင် ပျော်နေသလား ။ စိတ်လည်းမနာ ခွင့်လွှတ်ဆဲ သူ့ကိုအမြဲ တောင်းဆဲပါ ငါ့နှလုံးက သူပျော်စေသား ။ (၁၉-၃-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး

LIFE'S GUIDE

Image
We should always ask this questions from ourselves. Who are you? Me.👈 Where are you? Here. 👈 What time is it? Now. 👈 What are you doing? As the moment. 👈 What should you do? As the situation. 👈 A Youth Born On The Land Of Arakan

ENEMY

Image
လူဖြူလူမည်းခွဲခြားသူ ဒို့ရန်သူ #တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး

Repatriation

Image
ကြောက်ပါတယ် ဒုက္ခသည်စခန်းယောင်ရယ် ပြန်ချိန်မတန်သေးဘူးလို့ ပြောပါရစေ...... # တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး

နှမချင်း​လေး​တော့ စာ​စေချင်

Image
[ မြန်မာစစ်သားများ၏ ယုတ်မာမှုများ ] ❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆ စစ်မိစ္ဆာများ စစ်​​ကြောင်းချီလာပြီ         ငါတို့​မြေပေါ် ဘိုးဘွားက​လေး အမျိုးသမီးများမကျန်​ ရက်​စက်​လို့​စော်​ကား         ဒို့ရပ်​ အိုးအိမ်​စွန့်​ကာ ပစ္စည်းသိမ်းချိန်​မရှိပါ         ကိုယ်​လွတ်​ရုန်းကာ တောတောင်ဆီကို အသက်​လွတ်​ဖို့ ထွက်​​ပြေး         အားလုံးထားခဲ့ပြီ၊ ဆုံးရှုံးခဲ့ရပြီ၊ အနာဂတ်​မိုး​မှောင်​ ကျခဲ့ပြီ​လေ... ရိုဟင်ဂျာအမျိုးသမီး ဆိုးခဲ့ကံကြမ္မာ တကယ်​အဖြစ်​​တွေ           ဝိုင်းဝန်းမုဒိန်းကျင့်​ သတ်​ဖြတ်​မှုခံကာ ဆုံးရှာရ၊           အသက်​မဆုံးရင်​လဲကွယ်​ လူ​ရှေ့သိက္ခာပျက်​ကာ အိမ်​​ထောင်​သည်​​တွေ အိမ်​​ထောင်​ပျက်​ကာ ဝမ်းနည်းမျက်​ရည်​​တွေဝေ... ဘဝပျက်​ခဲ့ပြီ၊ ဆုံးရှုံးခဲ့ရပြီ နှမချင်း​လေး​တော့ စာ​စေချင်... ရိုဟင်ဂျာများ သွေး​ကြွေးတင်​​နေလို့လား ရှေးဝဋ်​​ကြွေးများ ရှိခဲ့လို့​လားကွယ်       ​ တွေးစရာအဖြစ်​... ရှိသမျှသိမ်းယူ တွေ့သမျှကိုပစ်​ကာ တိရစ္ဆာန်​​ပမာ၊ ဖမ်း...

YOU ARE (နင်ဟာ)

Image
YOU ARE ×•×•×•×•× You are the dawn choruses of aurora. You are the slight breezes of twilight. You are the gleaming moon of autumnal night. You are the fluttering roses of winter's morning. You are the water drops of rain cease. You are the paper-boat in rain water. You are the relaxing shelter under the scorching sun. You are... You are... and You are every moment of my life with new means. You plunged into my heart and swam in my soul. You are in me and I am in you. (10-3-2018) A youth born on the land of Arakan နင်ဟာ ------ နင်ဟာ အာရုဏ်ဦးရဲ့  ငှက်တေးသံကလေးတွေပါ။ နင်ဟာ နေဝင်ဆည်းဆာရဲ့  လေညင်းပျော့ပျော့တွေပါ။ နင်ဟာ ဆောင်းဦးညရဲ့  တောက်ပဝင်းလက်တဲ့ လမင်းကြီးပါ။ နင်ဟာ ဆောင်းရာသီနံနက်ခင်းရဲ့  တလှပ်လှပ်လှုပ်နေတဲ့ နှင်းဆီပန်းပါ။ နင်ဟာ မိုးစဲစဲအချိန်ရဲ့  ရေစက်လေးတွေပါ။ နင်ဟာ မိုးရေထဲက  စက္ကူလှေကလေးပါ။ နင်ဟာ နေပူကျဲကျဲအောက်က  နားခိုရာ တဲအိမ်ကလေးပါ။ နင်ဟာ ... နင်ဟာ ...  နင်ဟာ ငါ့ဘဝရဲ့အချိန်တို...

"Give me zing to fly"

Image
Wandering in labyrinth Yet can't find any gateway Separating from shelter Hope sound is being astray Losting in that memories Solitudes are being hurt Miscreants treated atrociously Life has gone battle hut How antagonist is the world I am despondency and dry My all ways have lost Give me zing to fly A Youth Born On The Land Of Arakan  (5-3-2018)

ကောင်မလေး (၆)

Image
ကောင်မလေးရယ် ... ငါ့ရဲ့အတိတ်ကငါ့ကို ချုပ်နှောင်ထားတယ် ထိုအတိတ်တွေမေ့ဖျောက်နိုင်အောင် လုပ်ပေးပါလား... ငါဘယ်လိုဆက်လက်ရှင်သန်ရမှန်းလည်း မသိတော့ဘူး ဘယ်လိုရှင်သန်ရမလဲ သင်ပေးပါလား... (၅-၃-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး

အထင်မှား

Image
နာကျင်ခြင်းဟာ စာသားတစ်ခုပဲလား ဝေးကွားခြင်းဟာ စာသားတစ်ခုပဲလား အထီးကျန်ခြင်းဟာ စာသားတစ်ခုပဲလား လွမ်းဆွတ်ခြင်းဟာ စာသားတစ်ခုပဲလား တောင့်တခြင်းဟာ စာသားတစ်ခုပဲလား အောက်မေ့ခြင်းဟာ စာသားတစ်ခုပဲလား ရူးမူးခြင်း စာသားတစ်ခုပဲလား ဒီစိတ္တဇတွေကို စာရွက်ပေါ်ရေးချတာနဲ့ စာသားမျှသာလို့ မထင်မှတ်လိုက်ပါနဲ့ ... (၄-၃-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး

အတူရှိနေတယ်

Image
ညဟာ နီယွန်မီးရောင်အောက်မှာ မှောင်လို့ ငါဟာ ဝရံတာမှာထိုင်ကာ နင့်ကိုခပ်ဆွေးဆွေးလွမ်းလို့ လမင်းနှင့်အတူတဖြည်းဖြည်း အနောက်ကိုတရွေ့ရွေ့ အဝေးကြီးပြေးထွက်သွားနေတဲ့ ငါ့စိတ်ကိုငါမြင်တယ် ဒါကြောင့် နင်နဲ့အတူ ငါရှိနေပါတယ်... (၃-၃-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး

အချစ်ခရီး

Image
ချစ်ခြင်းမေတ္တာတစ်ခုတွက်  အရာရာရှုံးနိမ့်ခဲ့ရ မနက်ဖြန်ပေါင်းများစွာ သေချာစွာဝေးနေရ မဝေးခဲ့ပါဘူးလို့  စကားလုံးတွေနဲ့ဖြေသိမ့်လည်း ထိုစကားလုံးတွေရဲ့ အသံ အဓိပ္ပါယ်အလျှင်းမရှိတော့ ကိုယ်တိုင်ဥေ ပက္ခာပြုလို့  လျစ်လျူရှုငြိမ်သက်နေရ။  နင်ရှိပါတယ်... စိတ်ကူးအိပ်မက်တွေထဲမှာ ကဗျာတွေပုံပြင်တွေထဲမှာ ဒဿနစာကြောင်းအောက်မှာ ဇာတ်လမ်းစာမျက်နှာပေါ်မှာ သီချင်းသံစဉ်တွေထဲမှာ ဂီတာကြိုးတွေနောက်မှာပေါ့.... ဒါပေမဲ့... ရူပက္ခန္ဓာမဲ့နေတော့ ဆန္ဒအာသီသကို သူစိမ်းဆန်နေလိုက်ရ။ ခရီးဆက်ဖို့အတွက် အလွမ်းအစအနနဲ့ အနာစက်တွေကို  ဖာထေးဖို့ကြိုးစားရင် ကယ်သူမဲ့လျှောက်လှမ်းနေရ။ ဒါဟာ... အစွန်းမရှိတဲ့စမ်းချောင်းလား ကမ်းစပ်မရှိတဲ့ပင်လယ်လား ဘူတာမရောက်တဲ့ရထားလား နိဂုံးမချုပ်တဲ့ပုံပြင်လား မိုးမလင်းတဲ့ညလား .....  (၂-၃-၂၀၁၈)  အာရကန်မြေဖွားလူငယ်တစ်ဦး

ဝေးရာမှဝေးရာဆီသို့

Image
နင့်ကိုရှာမတွေ့တော့  စိတ်ပြေလက်ပျောက်  အလွမ်းတွေအလှပြင်ရင်း  အချစ်ရဲ့ဗျာဒိတ်တော်အတိုင်း  မျှော်လင့်ချက်မဲ့နှလုံးသားတစ်စုံဟာ  တဆက်ဆက်နဲ့ ရုန်းရင်းကန်ရင်း ​ ဝေးရာမှဝေးရာဆီသို့ တဖြည်းဖြည်းရွေ့နေပါတယ်... (၁-၃-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး

အဆွေး

Image
မထင်မှတ်နဲ့  မချစ်တော့ဘူးလို့ လွမ်းနေပေမဲ့ နှလုံးခိုင်နဲ့မို့  ကျမျက်ရည်တွေ မြိုကာသိပ်လို့ ငါလေ ... တိတ်တိတ်ကလေးပဲ ဆွေးနေရသူပါ .... (၁-၃-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး

ပြန်လာပါ (1)

မွေးရပ်မြေ မြန်မာပြည် ချစ်တဲ့မြေ မြန်မာပြည် နှစ်သက်တဲ့မြေ မြန်မာပြည် ကောင်လေးရယ် မြန်မြန်ပြန်လာကြပါ မြန်မာပြည်ကို တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး

ကောင်မလေး (၅)

Image
ကောင်မလေးရယ်... နင်တစ်ချိန်တုန်းက  အခိုင်အမာကတိပေးပြောဆိုခဲ့တယ် "ဘယ်တော့မှမခွဲပါဘူး" တဲ့  ထိုစကားတွေ နားထဲကြားနေဆဲ အော်... ခုတော့  တောင်ဝန်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက်အထိ နီးခဲ့လေပြီ ... ကောင်မလေးရယ်... နင် တစ်ချိန်တုန်းက အမြဲတမ်းအတွက် မှာကြားခဲ့တယ် "ထာဝရချစ်နေပေးပါ" တဲ့ ထိုဟန်မူရာလေးတွေ ခုထိမြင်ယောင်နေဆဲ အော် ... ခုတော့ နှလုံးသားအနာစက်တွေ ထာဝရအတွက် ထင်ကျန်ခဲ့လေပြီ ... (၂၈-၂-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး

လူသား သတိထား

Image
ဩော်လွန်ပါပြီ ... ကိုယ်လိုရာ ဖြည့်လျှံမည်၊ သူ့ကိုတိုက်၍ ကိုယ်နိုင်ရမည်၊ ငတ်ချင်ငတ်စေ ကိုယ်ပိုင်မည်၊ သူ့တစ်ထွာ ငါ့မြေတစ်ကွက်​ နှင်ထုတ်မည်။ (ဓနတစ်ပိုင်း လူမိုက်နိုင်) ဩော်လွန်ပါပြီ ... ငါသည် တစ်မည်ချည်း၊ လူကြီးမင်းနှင့်ရင်နှီး သူ့ကိုထိ၍ လာဘ်ရစေ၏။ ငယ်သားလက်ရှည် ခေါင်းညွှတ်ရေး သနားမတတ်၊ မသွန်သင်မဆုံးမဘဲ  ခြိမ်းခြောက်ရက်စက်တတ်​၏။ စီရင်ချက်လာဘ်ကြီး အသာကြီး မျှတမှု စိုးစဉ်မျှမရှိ။ (ရပ်ရွာအကျိုး ပါဝါရူး) ဪလွန်လေပြီ ... ဂျောင်ခိုသေနတ်သံပြု တောမြိုင်ခြုံငှက်ကလေးများ တကူးကူး... ဟိုဟိုထိုထို ဟန်ပြု ကိုယ့်အမျိုး သမိုင်းဆိုး ခိုးစားရေး အကြံပြု ခုချိန်ထိလူဦးခုန်ဟု သူရှက်မကွဲဘူး။ (လူ့အသိုင်းဝိုင်းကို လိမ်လည်သူ) ဩော် ကြံနေပြီ ... ဟုတ်သည်ဟုတ်သည်​ ငါမင်းကြီး ငါပြောသမျှ သူနာသည်။ ခိုးစားမည် လူပျင်းကြီး တင်စားတတ်​သူအခါမလွှတ်​ ဟားဟားကြီး။ (မိမိဘာသာ မှတ်ချက်ပြု၊ အချိန်တန်ပြီ) ဩော် တွေးလေပြီ ... ဤတတ်​ထိုသိ ဟိတ်​ဟန်​​လေးနှင့်​ ငါသည်ပညာရှိ ဟစ်သူကလေ ငါကြီးဥာဏ်မမီ ငါကဲ့ရဲ့မည်​။ မျှဝေသင်ကြား မပေးလေ ကိုယ်လိုရာ ဂါရဝတရားဖယ်​ ဂုဏ်သိက္ခာမဲ့ ငရဲသားရေ။ (တတ်ယောင်ကြီး အရေးရှောင်တတ်...

ဖြေသိမ့်စေရာ

Image
ဖြေသိမ့်စေရာ ဘဝလမ်းတွေပေါ်မှာ အမှိုက်စုပုံနေတဲ့အခါ ကဗျာဥယျာဉ်ထဲသို့ ခဏလျှောက်လှမ်းလိုက်မိတယ်... (၂၇-၂-၂၀၁၈)  အာရကန်မြေဖွားလူငယ်တစ်ဦး ALLAYER When the rubies are being built-up on the streets of life I traipsed for a while toward the poem garden.  (27-2-3018)  A Youth Born On The Land Of Arakan

ကောင်မလေး (၄)

Image
တို့ကြားမှာ ဝေးကွာခြင်းတွေရှိနေမယ့်အစား  ဆုံစည်းရမယ့် နေ့လေးကိုသာ ရောက်စေချင်မိတယ်... တို့ကြားမှာ အလွမ်းတွေနဲ့ရင်နင့်စေမယ့်အစား လက်တွဲပျော်ရွှင်ရမယ့် နေ့လေးကိုသာ စောင့်စားနေမိတယ်... တို့ကြားမှာ နားလည်​မှုလွဲပြီး စိတ်ဆိုးနေမယ့်အစား   ထာဝရလက်တွဲရမယ့် နေ့လေးကိုသာ ပိုင်ဆိုင်ခွင့်ရချင်မိတယ် ... ကောင်မလေးရယ်... (၂၇-၂-၂၀၁၈)  အာရကန်မြေဖွားလူငယ်တစ်ဦး
မလိုချင်တော့ပါဘူး......... ဘာမှမလိုတော့ပါဘူး........... နှလုံးသားအတွက်ဆိုရင်ပေါ့ဗျာ......... အချိန်တန်ရင် ကိုယ့်ကိုအရမ်းချစ်နိုင်မဲ့သူတစ်ယောက် ပေါ်လာမှာပဲလေဗျာ ......... #Aung Zaw Lwin Moe

ကောင်မလေး (၃)

Image
နီးစပ်မူမရှိသော်ငြားလည်း စိတ်မချတဲ့အချိန်တိုင်းတော့  စိုးရိမ်ပူပန်မိတယ်.... တိုက်ဆိုင်မူမရှိနိုင်ပေမယ့်လည်း သတိရတဲ့အချိန်တိုင်းတော့ လွမ်းဆွတ်နေမိတယ်.... မလာမှာသေချာပေမယ့်လည်း တွေ့ချင်မိတဲ့ နေရာတစ်ခုမှာ ငါစောင့်နေတတ်မိတယ်.... နင်ဝေးနေပေမဲ့ ဂရုစိုက်ချင်လို့ ပူပန်မိတဲ့အခါ... နင်နေနိုင်ပေမဲ့ ငါမနေနိုင်ဘဲ သတိရနေတဲ့အခါ... နင်မတွေ့ချင်ပေမဲ့ ငါတွေ့ချင်လို့ စောင့်နေတတ်တဲ့အခါ... အို.. ကောင်မလေးရယ်.... နင့်ကိုသိပ်ချစ်လွန်းတဲ့ ငါရှိနေသေးတယ်ဆိုတာ  နင်သိနေရင်ပဲကျေနပ်ပါပြီ...  (၂၅-၂-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး

ပြန်လာပါရစေ မွေးရပ်မြေ (၁)

Image
မွေးရပ်မြေကိုသတိရတိုင်း စိတ်ကမခိုင်၊ မျက်ရည်တွေက လှိုက်ခနဲကြွေကျလာတယ်…  အောက်မေ့တတ်တဲ့ နှလုံးသားကိုထုတ်ပိုးရင်း မင်းကိုသတိရလွမ်းဆွတ်နေတယ်ဆိုတာကို မင်းသိနိုင်ပါ့မလားမွေးရပ်မြေရယ်...  မိစ္ဆာကောင်တွေရဲ့ နှိမ်စက်မှုဒဏ်ကြောင့် လွတ်မြောက်လာခဲ့တာ အခုဆို ပြက္ခဒိန်တစ်ဝက်လောက် ရောက်ကပြီ...  တစ်နေ့နေ့တစ်ချိန်ချိန်မှာဆိုတဲ့ မျှော်လင့်ချက်လက်တစ်ဆုပ်စာနဲ့ စောင့်မျှော်နေရင်း ဆည်းလည်းသံချိုအေးအေးနဲ့ ဝေးနေချိန်တိုင်း ရင်ထဲမှာဆိုညည်းမိတာ မွေးရပ်မြေကိုပါ...  ငါ့အလွမ်းစိတ်တွေက ကြယ်ရောင်လရောင်ပျောက်နေတဲ့ လကွယ်ညကကောင်းကင်ကျယ်ကြီးထဲ ပူဆွေးမှုတွေကိုကျောသပ်ကာ လမ်းပျောက်လို့ ရွက်လွင့်နေဆဲဆိုတာ မင်းသိနိုင်ပါ့မလား...  ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့အတူ မိုးရေစွတ်စွတ်နဲ့ ဘောလုံးကန်ခဲ့ဖူးတဲ့ မြေကွက်လေးတွေရယ် မင်းရဲ့ကျောပေါ်ကို တဖန်ခြေချချင်မိတာ မင်းသိနိုင်ပါ့မလား...  စက္ကူလှေကလေးတွေ အပြိုင်အဆိုင်မျှောရင်း ပျော်ပျော်ရွှင်ရွှင် ကစားခဲ့ဖူးတဲ့ လမ်းဆုံးကရေကန်ကြီးရယ် မင်းရဲ့ကြည်လင်အေးမြတဲ့ မြစိမ်းရောင်ရေပြင်ပေါ်မှာ တစ်ခဏတာမျှ ရေးကူးချင်မိတာ မင်းသိနိုင်ပါ့မလား...  ငယ်သူငယ်ချင်းတွေနဲ့အတူ...

ကောင်မလေး (၂)

Image
နင်နဲ့အတူရှိနေတဲ့ည..... လမင်းကြီးကိုဆုပ်ကိုင်ထားပြီး လရောင်တွေကိုပြန့်ကျဲပြီး ကြယ်လေးတွေနဲ့အလှအဆင်ပြီး ထွက်နေဆဲနေမင်းကြီးကိုရပ်တန့်ပြီး နာရီတွေအားလုံးကိုဖျက်ဆီးပစ်ပြီး ဒီညကိုချည်နှောင်ထားချင်မိတယ် ကောင်မလေးရယ်… (၂၄-၂-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး

ကောင်မလေး (၁)

Image
နင့်ရဲ့ …… တောက်ပတဲ့မျက်လုံးတွေကြည့်ရင်း နွေးထွေးတဲ့ရင်ခွင်ထဲခိုလှုံရင်း နူးညံ့တဲ့လက်ကလေးတွေနမ်းရှုပ်ရင်း ပျော့ပျောင်းတဲ့ဆံကေသာတွေနဲ့ကစားရင်း ကြည့်မဝတဲ့အလှတရားတွေခံစားရင်း တစ်သက်လုံးနေချင်မိတယ် ကောင်မလေးရယ်... (၂၄-၂-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး

နေတတ်လာပြီ

Image
ဝေးကွာသွားပေမဲ့လည်း ရင်ထဲတစ်နေရာမှာ နင်ကျန်ရစ်နေ မျက်တောင်မှေးပေါ်က မျက်ရည်အဖြစ်နဲ့ပေါ့ ငါဟာ ဒီလိုပဲနေတတ်လာပြီ... နင်ငါ့ကိုထားသွားတော့ ရင်ထဲနာကျင်မှုတွေပဲကြွင်းကျန်နေ အသက်ရှူနိုင်ဖို့လောက်ပဲ အင်အားတွေရှိနေတော့ ငါဟာ ဒီလိုပဲနေတတ်လာပြီ... နင်မရှိပေမဲ့လည်း နင့်အလွမ်းတွေအချိန်တိုင်းအနားမှာရှိနေ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ထားတဲ့နှလုံးသားနဲ့ပေါ့ ငါဟာ ဒီလိုပဲနေတတ်လာပြီ... (၁၉-၂-၂၀၁၈) အာရကန်မြေဖွားလူငယ်တစ်ဦး